The network connection is lost.

Banner Image

အီရာအိုလာလက်အောက် လီဗာပူးမှာ ဘုန်းမောက်လိုပဲ ခြေစွမ်းပြကစားနိုင်မယ်လို့ ယုံကြည်ထားတဲ့ ကာကက်ဇ်

လီဗာပူးနောက်ခံလူကာကက်ဇ်က အီရာအိုလာရောက်ရှိလာပြီးနောက် အန်ဖီးလ်ကစားသမားဘ၀ဒုတိယမြောက်ဘောလုံးရာသီမှာ ခြေစွမ်းပိုင်းပိုမိုတည်ငြိမ်လာမယ်လို့မျှော်လင့်နေပါတယ်။

အီရာအိုလာက ဘုန်းမောက်မှာ သူနဲ့အတူ နှစ်ရာသီကြာအစွမ်းပြခဲ့တဲ့ ဟန်ဂေရီလက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့နွေရာသီမှာ အန်းစလော့ရဲ့လီဗာပူးအသင်းဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကာကက်ဇ်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အလားအလာကောင်းတချို့ ပြသနိုင်ခဲ့ပြီး အန်းစလော့ရဲ့လက်အောက် ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ လီဗာပူးပရိသတ်တချို့ရဲ့ယုံကြည်မှုကို အပြည့်အဝရရှိဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။

ရော်ဘတ်ဆန်ထွက်ခွာသွားပြီးနောက် ကာကက်ဇ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ဘယ်နောက်ခံအစွန်လူနေရာအတွက် ပထမဦးစားပေးဖြစ်လာဖို့ သေချာသလောက်ရှိနေပြီး သူ့ရဲ့နည်းပြဟောင်းလက်အောက်မှာ ပိုမိုတောက်ပလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

"သိသိသာသာပဲ အပြောင်းအလဲတွေ အများကြီးရှိလာပါတယ်။ နည်းပြက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန်နဲ့ တိုက်စစ်ဆင်ကစားစေချင်ပါတယ်။ ကျွန်တော်တို့တွေ အများကြီးပြေးလွှားနေဖို့ လိုအပ်ပါတယ်။ ဒါက ကောင်းမွန်တဲ့အချက်ပါပဲ။

ခက်ခဲတယ်ဆိုပေမဲ့ ထိပ်တန်းအဆင့်မှာ ယှဉ်ပြိုင်ချင်တယ်ဆိုရင် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ဒီလိုပဲ လုပ်ဆောင်သွားရပါမယ်။

ကျွန်တော်ကိုယ်တိုင်လည်း အတက်အဆင်းပြေးလွှားကစားဖို့အတွက် ပိုပြီး လွတ်လပ်လာပါတယ်။ ပိုပြီးလွတ်လပ်တဲ့ကစားဟန်နဲ့ ပိုပြီးတော့လည်း ပြေးရသလို ဖြတ်တင်ဘောတွေကိုလည်း ဂိုးဧရိယာဆီ ပိုပြီး ပေးပို့လာနိုင်ပါတယ်။ နည်းပြက ဘုန်းမောက်မှာရှိချိန်ကတည်းက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ သူပြောတဲ့အတိုင်း ကစားရပါမယ်။ ပြင်းပြင်းထန်ထန် တက်တက်ကြွကြွ  အမြဲတမ်းကစားသွားရပါမယ်" လို့ ကာကက်ဇ်က ဆိုပါတယ်။