The network connection is lost.

Banner Image

တစ်ယောက်လျော့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတဲ့ အက်သလက်တီကို

အက်သလက်တီကို ၂ - ၁ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)

အက်သလက်တီကိုက ဒုတိယပိုင်းမှာ ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့သလို ကစားသမားတစ်ယောက်သာပါရခဲ့ပေမဲ့ အဆုံးသတ်အားနည်းမှု၊ ကော်တိုရစ်နဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်ကြောင့် နိုင်ပွဲရဖို့ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်က ဒင်းဟူဂျ်ဆန် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရသလို ပင်နယ်တီပါ ပေးလိုက်ရတာကြောင့် မက်ဒရစ်ဒါဘီမှာ ရုန်းကန်ခဲ့ရပြီး ရူဒီဂါရဲ့နောက်ကျခ​ျေပဂိုးကြောင့် သရေရဖို့ မျှော်လင့်ချက်ရှင်သန်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုးကို ထပ်မသွင်းနိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်က ယခုရှုံးပွဲကြောင့် ဇယားထိပ်က ဘာစီလိုနာနဲ့ ၆မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။