The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ဘော်လွန်းဒီအော်သပိတ်မှောက်မှုနဲ့ သူ့ရဲ့အပြောင်းအရွှေ့ လုံး၀မပတ်သက်ဘူးလို့ ရိုဒရီ ရှင်းလင်း

ဘာစီလိုနာကွင်းလယ်လူရိုဒရီက အခုနွေရာသီအစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ မရွေးချယ်ခဲ့တဲ့ သူ့ရဲ့အကြောင်းပြချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
ဒီနွေရာသီမှာ စပိန်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီဝင်ရောက်လာတဲ့ ရီုဒရီက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် မိခင်နိုင်ငံဆီ ပြန်လည်ပြောင်းရွှေ့လိုတဲ့ဆန္ဒကို မန်စီးတီးဆီ အသိပေးခဲ့ပါတယ်။
 
အက်သလက်တီကိုမက်ဒရစ်ကစားသမားဟောင်းက စာချုပ်သက်တမ်းတိုးဖို့ မန်စီးတီးရဲ့ ကြိုးပမ်းမှုတွေကို ငြင်းပယ်ခဲ့သလို မော်ရင်ဟိုနဲ့ စကားပြောဆိုပြီးချိန်မှာလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ့်အစီအစဉ်ပါ ပယ်ဖျက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
 
နှစ်ဖက်လုံးရဲ့ အပြန်အလှန်စိတ်ဝင်စားမှုကို မြင်တွေ့ခဲ့ရပေမဲ့ မော်ရင်ဟိုကတော့ အပြောင်းအရွှေ့အပေါ် ရိုဒရီကိုယ်တိုင် ပြတ်သားမှုမရှိလို့ ဒီအပြောင်းအရွှေ့ ဖြစ်မလာနိုင်တော့ဘူးဆိုတာ သဘောပေါက်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဗင်နီစီးယက်စ်ကိုကျောဖြတ်ပြီး ရိုဒရီ ဆုရရှိခဲ့တဲ့ ၂၀၂၄ ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားကို ရီးရဲလ်မက်ဒရစ် သပိတ်မှောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး ဒီအမြင်ကိုတော့ ကစာသမားကိုယ်တိုင် ပယ်ချခဲ့ပါတယ်။
 
ရိုဒရီက "သူတို့ ဘော်လွန်းဒီအော်ဆုပေးပွဲကို သပိတ်မှောက်ခဲ့လို့ ရီးရဲလ်မက်ဒရစ်ကို ကျွန်တော် ငြင်းပယ်ခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်တုန်းကလည်း ဒါက ကျွန်တော့်အပေါ် မထိခိုက်စေခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ ထူးခြားတဲ့နေ့ရက်တစ်ခု ဖြစ်ခဲ့ပါတယ်"
 
"အခမ်းအနားကို ရောက်မလာခဲ့တဲ့သူတွေအကြောင်း ပြောနေစရာ အကြောင်းမရှိပါဘူး။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အလွန်လှပတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်"
 
"ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် သူတို့က ကျွန်တော့်အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပါတယ်"
 
"ကျွန်တော်က အားကစားဆိုင်ရာရှုထောင့်တွေ၊ ကျွန်တော့်ကို ပိုပြီး စိတ်လှုပ်ရှားစေမယ့် အရာနဲ့ ကစားသမားတစ်ဦးအတွက် ဘယ်မှာရှိနေမယ်ဆိုရင် အနိုင်ရရှိနိုင်ပြီး အများဆုံး ဖွံ့ဖြိုးတိုးတက်နိုင်မလဲဆိုတဲ့ အချက်တွေအပေါ် အခြေခံကာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ" လို့ ဆိုပါတယ်။