ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ပင်နယ်တီပေးခဲ့ရတဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်လိုက်တဲ့ အာတီတာ
ဆန်းဒါးလန်းကို ၀-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့်အနိုင်ယူပြီး ရာသီအစ နိုင်ပွဲဆက်နေမှုကို အာဆင်နယ်အသင်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပေမဲ့ နည်းပြအာတီတာကတော့ ပြိုင်ဘက်အသင်းရရှိသွားတဲ့ ပယ်နယ်တီနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ဂန်းနားတွေအတွက် အခုရာသီ၊ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ထိန်းသိမ်းထားနိုင်ဖို့ ခက်ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆန်းဒါးလန်းအသင်း ရရှိသွားတဲ့ ပင်နယ်တီကိုလည်း အာတီတာ အလွန်စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသမားဒေးဗစ်ရာယာက ဒီပင်နယ်တီကန်သွင်းမှုကို အပြည့်အ၀ကာကွယ်ပေးခဲ့ပြီးနောက် အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ဘရူနိုဂူမာယေးစ်နဲ့ ဆာကာတို့က သွင်းယူပေးခဲ့ပါတယ်။
အာတီတာက "နောက်ထပ်တစ်ပွဲ အနိုင်ရရှိလို့ အလွန်ဝမ်းသာပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့သီတင်းပတ်မှာ ချဲလ်ဆီး၊ နာပိုလီတို့နဲ့ အလွန်ခက်ခဲတဲ့ပွဲစဉ်တွေကို ကစားခဲ့ရပြီး အနိုင်ရရှိခဲ့သလို အခုလည်း ခက်ခဲတဲ့အဝေးကွင်းမှာ ပြိုင်ဘက်ကောင်းအသင်းတစ်ခုကို ရင်ဆိုင်ပြီး အနိုင်ယူခဲ့ပြန်ပါတယ်"
"ကျွန်တော်တို့အတွက် ပွဲစဉ်တစ်လျှောက်လုံး ကောင်းမွန်တဲ့အခြေအနေတွေ ရရှိခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အဲ့ဒီနောက် ပြိုင်ဘက်ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုအားပြုတိုက်ရိုက်တိုက်စစ်ဆင်ကစားလာချိန်မှာ သူတို့က ကျွန်တော်တို့ကို အသက်ရှုကျပ်လောက်အောင် ဖိအားပေးကစားခဲ့ပါတယ်"
"ကျွန်တော့်အမြင်အရတော့ ဒီလိုအဆင့်အတန်းမျိုးမှာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ အခြေအနေတစ်ခုကိုလည်း ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါကို ကျွန်တော် အလွန်စိုးရိမ်ပူပန်သလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဘယ်လိုနည်းနဲ့မှ ပင်နယ်တီ မဖြစ်နိုင်လို့ပါပဲ"လို့ ပြောပါတယ်။
ဆန်းဒါးလန်းအတွက် ပင်နယ်တီရရှိသွားတဲ့ဖြစ်ရပ်မှာ ကွန်ဆာကိုယ်တိုင် ဘာအမှားအယွင်းမှ မကျူးလွန်ခဲ့ဘူးလို့ အာတီတာ ယုံကြည်နေပြီး ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် VAR လုပ်ဆောင်ချက် ဘာကြောင့်မရှိခဲ့တာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပြန်ပါတယ်။
သူက "ပြိုင်ဘက်ကစားသမားက ဂျူဒိုပုံစံ လှိမ့်ချလိုက်တာပါ။ ကွန်ဆာ ဘာမှမလုပ်ခဲ့ပါဘူး။ ပြန်ပြီးတော့ ကြည့်လိုက်ပါ" လို့
"ကျွန်တော်တို့ဆီမှာ ကင်မရာတွေအများကြီးရှိသလို VAR လည်း ရှိပါတယ်။ ပွဲကို တရားမျှတအောင် ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒီနေ့ပွဲမှာတော့ အကာအကွယ်မဲ့ခဲ့ပြီး ဒါက ကျွန်တော်တို့ရဲ့ပွဲစဉ်ရလဒ်နဲ့ ပွဲရဲ့အရှိန်အဟုန်ကိုပါ ထိခိုက်သွားစေနိုင်လို့ အလွန်ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် အာတီတာက အဆင်မပြေမှုတွေအပေါ် အာဆင်နယ်ရဲ့တုံ့ပြန်ပုံနဲ့ ဒေးဗစ်ရာယာရဲ့ကာကွယ်မှုတွေအတွက် အလွန်ကျေနပ်နေခဲ့ပေမဲ့ သူ့ရဲ့ဝေဖန်မှုဆိုတာ အာဆင်နယ်အသင်းတစ်ခုတည်းအတွက်သာမက ဘောလုံးလောကတစ်ခုလုံးရဲ့တရားမျှတမှုကို ကာကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အာတီတာဟာ ရာယာရဲ့ ကာကွယ်မှုနဲ့ အဆင်မပြေမှုတွေအပေါ် အာဆင်နယ်ရဲ့ တုံ့ပြန်ပုံအပေါ် အလွန်ဝမ်းသာခဲ့ပေမဲ့ သူ့ရဲ့ဝေဖန်မှုကတော့ သူ့အသင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ဘောလုံးလောကတစ်ခုလုံးရဲ့ မျှတမှုကို ကာကွယ်ဖို့အတွက်သာ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
"ဒေးဗစ်ရာယာရဲ့ ကာကွယ်ပုံ၊ အသင်းသားတွေရဲ့ တုံ့ပြန်ပုံနဲ့ အခက်အခဲတွေကြားမှ ပြန်လည်ရုန်းထလာပုံတွေကို တကယ် သဘောကျမိပါတယ်။ ဒါပေမဲ့ ဒါမျိုးက မဖြစ်သင့်ပါဘူး။ ဒါက မတရားသလို ဒီလိုဆုံးဖြတ်ချက်အတွက်လည်း ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်"
"ဒီလိုလူသိရှင်ကြားရှင်းရှင်းလင်းလင်းပြောရတယ်ဆိုတာ အာဆင်နယ်အတွက်သာမက ဘောလုံးလောကအတွက်လည်း ဖြစ်ပါတယ်။ အခုလိုအဆင့်အတန်းမျိုး ဒါမျိုးဆုံးဖြတ်ချက်ဆိုတာ လုံး၀မဖြစ်သင့်ပါဘူး" လို့ ဆိုပါတယ်။