The network connection is lost.

Banner Image

အာတီတာအတွက် စာချုပ်သစ်ပေးနိုင်ဖို့ အလွန်နီးစပ်လာနေတဲ့ အာဆင်နယ်

အာဆင်နယ်က နည်းပြအာတီတာကို စာချုပ်သစ်နဲ့အတူ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
 
အသက် ၄၄ နှစ်အရွယ်နည်းပြ အမ်းမရိတ်စ်ကွင်းမှာ တာဝန်ယူခဲ့တဲ့ ခုနစ်နှစ်တာကာလအတွင်း အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ရုံသာရှိတဲ့ အသင်းအဆင့်မှ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဖြစ်လာအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
 
BBC Sport ရဲ့ဖော်ပြချက်အရ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားခဲ့ပြီဖြစ်လို့ အာတီတာရဲ့စာချုပ်သက်တမ်းတိုးရေးကိစ္စကို ဂန်းနားတွေ ပိုမိုအာရုံစိုက်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။
 
အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အာတီတာရဲ့လက်ရှိစာချုပ်သက်တမ်း ပြည့်မြောက်ဖို့ရှိနေပေမဲ့ စပိန်လူမျိုးနည်းပြကတော့ ကလပ်အသင်းမှာရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စက်တင်ဘာလအတွင်း ပြတ်ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

အာတီတာက "ကျွန်တော် ဒီမှာ ဆက်ရှိနေချင်သလို အလွန်ပျော်ရွှင်နေလို့ စာချုပ်သက်တမ်းကိစ္စကို ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ လူတိုင်းလည်း စိတ်အေးလက်အေး ရှိနေကြပါတယ်"
 
"ကလပ်အသင်းဘက်ကလည်း ကျွန်တော့်လိုပဲ ခံစားရပါတယ်။ ဒါကြောင့် လူတိုင်းက အရာအားလုံးကို သဘာဝကျကျ ဖြည်းဖြည်းချင်း လုပ်ဆောင်နေကြပါတယ်" လို့ ပြောပါတယ်။
 
အာတီတာရဲ့လက်ရှိစာချုပ်အရ တစ်ရာသီကို လုပ်ခလစာ ပေါင် ၁၀ သန်းအပြင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရင် နောက်ထပ် ပေါင် ၅ သန်း ထပ်မံရရှိနေလို့ သူ့ကို ကမ္ဘာ့ပေါ်ရှိလုပ်ခလစာအများဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်လာဖို့ မျှော်လင့်ရပါတယ်။