The network connection is lost.

Banner Image

မန်စီးတီးဆီ ကွင်းလယ်ကြယ်ပွင့်ကို ရောင်းချဖို့ စိတ်မဝင်စားဘူးလို့ အက်သလက်တီကိုမက်ဒရစ် အသိပေး

အက်သလက်တီကိုမက်ဒရစ်အသင်းက ၂၀၂၇ ခုနှစ်မှာလည်း အသင်းရဲ့အဓိကကစားသမားတစ်ဦးနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ကောလာဟလတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကစားသမားက ဂျူလီယန်အယ်လ်ဗာရက်ဇ် မဟုတ်တော့ပါဘူး။
 
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အသင်းမှထွက်ခွာချင်တယ်ဆိုတဲ့ အယ်လ်ဗာရက်ဇ်ရဲ့ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ ကြိုးပမ်းနေကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။
 
ဒါပေမဲ့ အက်သလက်တီကိုမက်ဒရစ်က ကစားသမားကို ဘာစီလိုနာဆီရောင်းချဖို့ ငြင်းဆန်ခဲ့သလို အာဆင်နယ်ရဲ့တရားဝင်ကမ်းလှမ်းမှုလည်း မရှိခဲ့လို့ အပြောင်းအရွှေ့တော့ မဖြစ်ပေါ်လာခဲ့ပါဘူး။
 
အခုတော့ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခြေစွမ်းပြခဲ့တဲ့ ဘေလ်နာလည်း မက်ထရိုပိုလီတာနိုကွင်းမှ ထွက်ခွာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။
 
အသက် ၂၅ နှစ်အရွယ်ကစားသမားက မက်ဒရစ်မြေမှာ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး နည်းပြဒီယေဂိုဆီမြွန်နီကိုယ်တိုင်လည်း ဗီလာရီးရဲလ်မှ ပြောင်းရွှေ့လာပြီးနောက် ၁၂ လတာကာလအတွင်း ခြေစွမ်းကောင်းတွေပြသထားနိုင်သူကို အသင်းအတွက် အရေးပါတဲ့ စွယ်စုံရကစားသမားအဖြစ် ရှုမြင်ထားပါတယ်။
 
ဒီနွေရာသီမှာ ကွင်းလယ်ပိုင်းအတွက် ပေါင် သန်း ၂၀၀ ကျော်အထိ သုံးစွဲထားပေမဲ့လည်း Football Insider ရဲ့ဖော်ပြချက်အရ မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာက အီတီဟတ်ကွင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ဘေလ်နာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
 
ဒါပေမဲ့လည်း အက်သလက်တီကိုမက်ဒရစ်ကတော့ အယ်လ်ဗာရက်ဇ်လိုပဲ ပြတ်သားတဲ့ ရပ်တည်ချက်အတိုင်း မန်စီးတီးရဲ့စိတ်ဝင်စားမှုကို ငြင်းပယ်သွားမယ်လို့ သိရပါတယ်။