The network connection is lost.

Banner Image

ပယ်လ်မာရရှိသွားတဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုအတွက် နောက်ပြောင်ပြောဆိုလိုက်တဲ့ ချဲလ်ဆီးအသင်းဖော်ရိုဂျာစ်

ဒီနေ့မနက်ပိုင်း၊ လိဒ်ယူနိုက်တက်ကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိခဲတဲ့ ကာရာဘောင်းဖလားပွဲစဉ်အပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိသွားတဲ့ ပယ်လ်မာကို ချဲလ်ဆီးအသင်းဖော်မော်ဂန်ရိုဂျာစ်က ပျော်ရွှင်ဖွယ်နောက်ပြောင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
 
စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး ပြိုင်ဘက်လိဒ်ကို ဦးဆောင်ဂိုးပေးထားရတဲ့ ချဲလ်ဆီးက ဒုတိယပိုင်းစတင်ချိန်မှာ မော်ဂန်ရိုဂျာစ်နဲ့ ပယ်လ်မာတို့ကို ထည့်သွင်းလိုက်ရာ ပွဲစဉ်ရဲ့အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

သူတို့နှစ်ဦး ကွင်းတွင်းဝင်ရောက်လာပြီး မကြာခင်မှာပဲ အာရွန်ဆန်ရဲ့ဒုတိယမြောက်ဦးဆောင်ဂိုး ထွက်ပေါ်လာပေမဲ့ ပင်နယ်တီတစ်ခုကြောင့် ချဲလ်ဆီးဘက်ဆီ ပွဲရဲ့အရှိန်အဟုန် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒီပယ်နယ်တီကို ပယ်လ်မာက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့သလို မိနစ်ပိုင်းအကြာမှာပဲ နောက်ထပ်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။
 
ဒီပွဲစဉ်မှာ ပယ်လ်မာရဲ့အချစ်ဆုံးသူငယ်ချင်း၊ ကလပ်အသင်းဖော် ရိုဂျာစ်လည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ ချဲလ်ဆီးတို့ တက်လှမ်းနိုင်ဖို့အတွက် ပယ်လ်မာရဲ့ဒုတိယမြောက်သွင်းဂိုးအပါအဝင် ဂိုးဖန်တီးပေးမှု လေးကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုက ရိုဂျာစ်အတွက် မဖြစ်လာဘဲ ပယ်လ်မာ ဆွတ်ခူးရရှိသွားတယ်ဆိုတာ သူတို့နှစ်ဦးလုံး သိရှိလာခဲ့ကြပါတယ်။
 
ရိုဂျာစ်က "ဟေ့လူ၊ ငါက ဂိုးဖန်တီးမှုလေးကြိမ်တောင် လုပ်ပေးခဲ့တာနော်။ ဒါကိုတော့ ယုံကြည်လို့တောင် မရတော့ဘူး။ တကယ့်ကို စိတ်ဓါတ်ပါပဲကွာ။ သူက ပယ်နယ်တီတစ်လုံးလည်း သွင်းခဲ့တယ်လေ" လို့ နောက်ပြောင်ပြောကြားခဲ့ပါတယ်။
 
ပယ်လ်မာက "ငါက ပွဲစဉ်အနိုင်ရဖို့အတွက် စတင်ပေးခဲ့တာလေ။ မင်းနာမည်ကို ငါထုတ်ပြောပေးပါမယ်၊ မင်းပဲ ရသင့်တာပါလို့ ပြောပေးမယ်လေ" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
 
ရော်ဂျာစ်ကလည်း ဟန်ဆောင်စိတ်ဆိုးပြပြီး "စိတ်ဓါတ်ပါပဲကွာ၊ ငါ့နာမည်တော့ ထုတ်မပြောလိုက်ပါနဲ့။ ငါက ဘေးမှာရပ်ကြည့်နေတဲ့သူပဲလေ၊ ဒါတော့ မတရားပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။
 
ပယ်လ်မာဆီ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ပေးအပ်မလားလို့ မေးမြန်းလာမှုကို ရိုဂျာစ်က "ကံဆိုးစွာနဲ့ပဲ ပေးရမှာပေါ့၊ ဒါက ကြိုတင်စီစဉ်ထားတာပဲ" လို့ နောက်ပြောင်ပြောကြားခဲ့ပါတယ်။