လီဗာပူးနဲ့ပြန်လည်ရင်ဆိုင်ရနိုင်မယ့် အခြေအနေအပေါ် ခက်ခဲလိမ့်မယ်လို့ မိုဆာလက် ဝန်ခံပြောဆို
အခုနွေရာသီ၊ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် မိုဆာလက်က သူ့ရဲ့ကစားသမားဘ၀မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရနိုင်ခြေရှိမှုအပေါ် ဘယ်လိုခံစားချက်မျိုး ရှိမလဲဆိုတာ ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒီအီဂျစ်လက်ရွေးစင်က အံ့အားသင့်လောက်စရာ အန်ဖီးလ်ကွင်းကိုးနှစ်ကြာဖြတ်သန်းမှုအတွင်း ပရီးမီးယားလိဂ်ဆုဖလားနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး အခုနှစ်၊ ဇွန်လအတွင်း လီဗာပူးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာခဲ့ပါတယ်။
တူရကီစူပါလိဂ်ဆီ အသက် ၃၄ နှစ်အရွယ်ကစားသမား ပြောင်းရွှေ့သွားမှုကြောင့် ပရိသတ်တွေကိုယ်တိုင် အံ့အားသင့်ခဲ့ကြပါတယ်။ မိုဆာလက်ကလည်း ကလပ်အသင်းသစ်မှာ ငါးပွဲကစား၊ သုံးဂိုးသွင်းယူပြီး ခြေစမ်းပြသထားပါတယ်။
အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် လီဗာပူးအသင်းနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲဝင် ထရက်ဇွန်စပေါတို့ ထိပ်တိုက်တွေ့ဆုံရဖို့ မရှိသေးပေမဲ့ မိုဆာလက်ကတော့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ကစားရမယ်ဆိုရင် ထူးဆန်းတဲ့ခံစားချက်မျိုး ဖြစ်လာလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။
သူက "အဲဒီမှာ ကိုးနှစ်ကြာ ရှိနေခဲ့လို့ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေ ရောထွေးသွားပါလိမ့်မယ်။
ကျွန်တော်က ဒီမြို့ကို သဘောကျသလို ပရိသတ်တွေကိုလည်း ချစ်ခင်ပြီး ကျွန်တော်တို့အကြား အမြဲတမ်းလိုလို ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ ဒါက တကယ့်ကို ခက်ခဲတဲ့ အနေအထားမျိုး ဖြစ်လာပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။