အဖွင့်ပွဲနှစ်ပွဲဆက်နိုင်ထားတဲ့ မန်စီးတီးတို့ ကိုဗင်ထရီကို အနိုင်ယူပြီး သုံးပွဲဆက်နိုင်ပွဲရယူနိုင်မလား
ယနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဆက်ကစားမှာဖြစ်ပြီး တော့တင်ဟမ်၊ မန်စီးတီးတို့ ကစားကြမှာ ဖြစ်ပါတယ်။ တော့တင်ဟမ်က နော်တင်ဟမ်ဖောရက်စ်ကွင်းမှာ ပွဲကျပ်ကစားရမှာဖြစ်ပေမဲ့ မန်စီးတီးက တန်းတက် ကိုဗင်ထရီကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေအကြောင်း ဘောလုံးစတားက တင်ဆက်ထားပါတယ်။