The network connection is lost.

Banner Image

ဗီလာပတ်ခ်မှာ အနိုင်သုံးမှတ်အပြည့် ရယူခဲ့တဲ့ အာဆင်နယ်

အက်စတွန်ဗီလာ ဝ-၁ အာဆင်နယ် (ပွဲပြီးရလဒ်)

လက်ရှိဥရောပယူရိုပါလိဂ်ချန်ပီယံနဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ ဗီလာပတ်ခ်ကွင်းထိပ်တိုက်ရင်ဆိုင်မှုက အကြိတ်အနယ်အားထုတ်ယှဉ်ပြိုင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အူနိုင်းအမ်မရီရဲ့အသင်းက အဓိကကစားသမားအချို့ထွက်ခွာသွားပြီးနောက် ကစားသမားသစ်တွေနဲ့အတူ ပြန်လည်တည်ဆောက်နေရလို့ အာတီတာရဲ့အသင်းကို ယခင်နှစ်တွေလောက် ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်သွင်းဂိုးကိုတော့ ပွဲချိန်တစ်နာရီပြည့်မြောက်ချိန်မှာ ဧည့်သည်ဂန်းနားတွေအတွက် ဆာကာက သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က နှစ်ပွဲကစား၊ ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အက်စတွန်ဗီလာကတော့ နှစ်ပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ တန်းဆင်းဇုန်အတွင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။