The network connection is lost.

Banner Image

စိတ်အားထက်သန်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ပြန်လည်လက်ခံပေးသွားဖို့ ယူနိုက်တက်ကစားသမားတွေ အဆင်သင့်ရှိနေတယ်လို့ မက်ဂွါရီ ပြောကြား

မက်ဂွါရီက အခုနွေရာသီ၊ အိုးထရက်ဖို့ဒ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘ၀အနာဂတ်နဲ့ပတ်သက်လို့ နည်းပြကာရစ်ရဲ့ရပ်တည်ချက်ကို ထောက်ခံခဲ့ပါတယ်။

အစ်ဆွစ်ကို ၅-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကာရစ်ရဲ့ပွဲထွက်လူစာရင်းမှာပါဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က ယူနိုက်တက်ရဲ့ဘယ်တောင်ပံတလျှောက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပါတယ်။

ကစားသမားအတွက် ဘာစီလိုနာရဲ့အပြီးသတ်ဝယ်ယူခွင့်ငြင်းပယ်ခြင်းအပါအဝင် တော့တင်ဟမ်ရဲ့တရားဝင်ကမ်းလှမ်းမှုလည်း မရှိလာသေးလို့ ရက်ရှ်ဖို့ဒ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ပဲ ဆက်ရှိနေဖို့ သေချာသလောက်ဖြစ်နေပါတယ်။

သူပြန်လည်ရောက်ရှိလာမှုအပေါ် ပရိသတ်တွေအကြား အမြင်သဘောထားအမျိုးမျိုး ကွဲပပြားနေပေမဲ့ ကာရစ်နဲ့ မက်ဂွါရီတို့နှစ်ဦးလုံးကတော့ သရဲနီတွေရဲ့ကျောနံပါတ် ၉ ကစားသမားသစ်အပေါ် ယုံကြည်မှု ရှိနေကြပါတယ်။

ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာ ကာရစ်က "ရက်ရှ်ဖို့ဒ်က ကျွန်တော်တို့အသင်းအတွက် သေချာပေါက်အင်အားတစ်ရပ် ဖြစ်ခဲ့တယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်"

"ဒီနေရာမှာ ရှိနေနိုင်မယ့် အခွင့်အရေးကို ကျွန်တော်တို့အတွက်ရော၊ သူ့အတွက်ပါ အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခုတော့ သူက ဒီကလပ်အသင်းမှာကစားရင်း သူ့ရဲ့အိပ်မက်တွေအတိုင်း ဖြတ်သန်းနေပြီး အောင်မြင်မှုတွေနဲ့ နိုင်ပွဲတွေ ရရှိဖို့ ကြိုးပမ်းနေပါတယ်" လို့ ပြောပါတယ်။

ဆက်လက်ပြီး မက်ဂွါရီကလည်း "ရက်ရှ်ဖို့ဒ်ဆိုတာ ထူးချွန်တဲ့ပါရမီရှင်တစ်ဦးဖြစ်သလို ပြိုင်ဘက်တွေကိုလည်း အမြဲတမ်းလိုလိုခြိမ်းခြောက်ထားနိုင်ပါတယ်။

တကယ်လို့ ဒီအသင်းမှာပဲ ရက်ရှ်ဖို့ဒ် ဆက်ရှိနေချင်တယ်၊ ကြိုးစားအားထုတ်ချင်တယ်၊ အသင်းကို ပိုမိုတိုးတက်အောင် ကူညီပေးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း သူဆက်ရှိနေဖို့ ဆန္ဒရှိနေပါလိမ့်မယ်။

သူက အခုထက်ပိုပြီး စွမ်းဆောင်နိုင်ပါသေးတယ်။ သူကိုယ်တိုင်လည်း အခုထက်ပိုပြီး စွမ်းဆောင်နိုင်သေးတယ်လို့ ပြောလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့က သူ့ကို ကြံ့ခိုင်မှုအပြည့်ရရှိအောင်၊ ပျော်ရွှင်အောင် ထားရှိနိုင်မယ်ဆိုရင်၊ တဖက်မှာလည်း သူကိုယ်တိုင် စိတ်အားထက်သန်မှုရှိပြီး ဆာလောင်နေမယ်ဆိုရင် သူက အသင်းအတွက် အဖိုးတန်ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။