The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ရဲ့ သရဲနီကစားသမားဘ၀အံ့ဖွယ်ပြန်လာနိုင်မှုအပေါ် ကာရစ် ကျေနပ်အားရနေ

မိုက်ကယ်ကာရစ်က အိုးထရက်ဖို့ဒ်မှာ ရရှိလာတဲ့ ဒုတိယအကြိမ်အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ ရက်ရှ်ဖို့ဒ်ဆီ တိုက်တွန်းရင်း မန်ချက်စတာယူနိုက်တက်ဆီ တကျော့ပြန်ရောက်ရှိလာချိန် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုကို အင်္ဂလန်တိုက်စစ်မှူး ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရက်ရှ်ဖို့ဒ်က ကာရစ်မတိုင်ခင် နည်းပြဖြစ်တဲ့ အာမိုရင်လက်အောက်မှာ နေရာပျောက်ခဲ့ပြီး အက်စတွန်ဗီလာနဲ့ ဘာစီလိုနာတို့ဆီ အငှားသွားရောက်ကစားကာ ကျန်ခဲ့တဲ့ဘောလုံးရာသီနှစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ်ကစားသမားအတွက် အပြီးသတ်ဝယ်ယူခွင့်ကို ဘာစီလိုနာအသင်း ငြင်းပယ်လိုက်ပြီးနောက် အစ်ဆွစ်ကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ သရဲနီတွေရဲ့ တနင်္ဂနွေနေ့လိဂ်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်က နှစ်နှစ်နီးပါးကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်တကျော့ပြန်ပါဝင်လာမှုက ဟားလ်စီးတီးကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်အပြီး ကာရစ်ပြုလုပ်ခဲ့တဲ့ လူစာရင်းအပြောင်းအလဲလေးခုအနက် တစ်ခု ဖြစ်လာပြီး ကစားသမားကိုယ်တိုင်လည်း ပိုမိုတိုးတက်ကောင်းမွန်လာတဲ့အသင်းရဲ့ခြေစွမ်းပိုင်းအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ကာရစ်က "ရက်ရှ်ဖို့ဒ်က ကျွန်တော်တို့ရဲ့အသင်းအတွက် သေချာပေါက် အင်အားတစ်ရပ် ဖြစ်စေခဲ့တယ်ဆိုတာ သိသာထင်ရှားလွန်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေရာမှာ ရှိနေနိုင်မယ့် အခွင့်အရေးကို ကျွန်တော့်အတွက်ရော၊ သူ့အတွက်ပါ အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အခုတော့ သူက ဒီကလပ်အသင်းမှာ ကစားရင်း သူ့ရဲ့အိပ်မက်တွေအတိုင်း ဖြတ်သန်းနေပြီး အောင်မြင်မှုနဲ့ နိုင်ပွဲတွေရရှိဖို့ ကြိုးပမ်းနေပါတယ်။

ဒီကလပ်အသင်းမှာ တစ်ခါတရံ ပြန်လည်ရောက်ရှိလာတတ်တဲ့ ကစားသမားတွေ ဒါမှမဟုတ် ထွက်ခွာတော့မယ်လို့ ထင်ရပေမဲ့ မထွက်ခွာဖြစ်ခဲ့တဲ့ ကစားသမားတွေဆိုတာ  အမြဲရှိတတ်ပါတယ်။ ဒါက ခင်ဗျားတို့ နောက်ထပ်ဘာတွေလုပ်ဆောင်မလဲဆိုတာနဲ့ ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်တွေက ဘာလဲဆိုတာအပေါ်မှာပဲ အမြဲတမ်း မူတည်နေပါတယ်။

သူ ပြန်ရောက်လာကတည်းက တကယ့်ကို အံ့ဩစရာကောင်းခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ဒီနေ့မှာ သူ့ကို ကျွန်တော်တို့အတွက် ပြန်လည်မြင်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကောင်းမွန်တဲ့အရာပါပဲ"လို့ ကာရစ်က ဆက်ပြောခဲ့ပါတယ်။