အဖွင့်ပွဲမှာ တန်းတက်ဟားလ်စီးတီးကို ဂိုးပြတ်ရှုံးသွားတဲ့ ယူနိုက်တက်
ဟားလ်စီးတီး ၂ - ၀ ယူနိုက်တက် (ပွဲပြီးရလဒ်)
စနေညအစောပိုင်းပွဲစဉ်အဖြစ် ဟားလ်စီးတီးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်ရာမှာ တန်းတက် ဟားလ်စီးတီးက ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ယူကာ အဖွင့်လှခဲ့ပါတယ်။
ယူနိုက်တက်မှာ တောင်ပံတိုက်စစ်အားနည်းနေခဲ့သလို ကွင်းလယ်ကလည်း စုဖွဲ့မှုအသစ်ဖြစ်နေတာကြောင့် အသားမကျဘဲဖြစ်နေပြီး ခံစစ်ကလည်း မက်ဂွါရီနဲ့ ဟေးဗင်းတို့ ခြေစွမ်းအတော်ဆိုးရွားခဲ့ပါတယ်။
အထူးသဖြင့် တည်ကန်ဘောတွေ အမြင့်ဘောတွေရှင်းထုတ်ရာမှာ ယူနိုက်တက်က အတော်လေး အားနည်းခဲ့ပြီး တိုက်စစ်ကလည်း ဘာမှမလုပ်ပြနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။