The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ ဘရက်စ်ကြယ်ပွင့်လီဂွမ်

ပြင်သစ်လီဂူးဝမ်းမှာ ဘရက်စ်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုအပြီး နောက်ခံလူလီဂွမ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ စိတ်ဝင်စားလာကြပါတယ်။

Foot Mercato ရဲ့ အဆိုအရ ဘရက်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး အလားအလာကောင်းတွေ ပြသနေတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားကို စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

လီဂွမ်က စီနီယာအသင်းကြီးဆီ တက်လှမ်းလာပြီးနောက် ယမန်နှစ်ဘောလုံးရာသီမှာ လီဂူးဝမ်းပွဲစဉ်ခြောက်ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

အခုနွေရာသီ၊ အသင်းမှ ကစားသမားအချို့ ထွက်ခွာသွားမှုကြောင့် လီဂွမ်အတွက် အခွင့်အရေးတွေ ရှိလာနိုင်ပေမဲ့ ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုလည်း တိုးပွားလာနေလို့ အနာဂတ်မရေမရာ ဖြစ်နေပြန်ပါတယ်။

အာဆင်နယ်အသင်းကလည်း ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ပြင်သစ်လူငယ်ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ဒါ့အပြင် ဖူလ်ဟမ်ကလည်း ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေတဲ့ နောက်ထပ်လန်ဒန်အခြေစိုက်ကလပ်အသင်းတစ်ခု ဖြစ်လာပြီး ရန်းနက်စ်အသင်းရဲ့ အစ်ဘူလယ်လ်နဲ့  မာဆေးလ်အသင်းရဲ့ဘာလာဒီတို့ကိုလည်း စောင့်ကြည်နေပြန်ပါတယ်။