The network connection is lost.

Banner Image

ထိတ်လန့်စရာဒဏ်ရာတစ်ခု လွှမ်းမိုးသွားခဲ့တဲ့ လီဗာပူး vs ကိုမို ရာသီကြိုခြေစမ်းပွဲ

ယမန်နေ့(တနင်္ဂနွေနေ့)၊ ကွင်းပိတ်ကစားခဲ့တဲ့ လီဗာပူး vs ကိုမိုတို့ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ ရလဒ်ပိုင်းထက် ဒေါ့ဆီနာရရှိသွားတဲ့ ကြောက်ရွံ့ဖွယ်ဒဏ်ရာတစ်ခုအကြောင်းကိုပဲ လူပြောများခဲ့ပါတယ်။

AXA လေ့ကျင့်ရေးကွင်းအတွင်း မိနစ် ၇၀ ကြာ ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးက မက်အယ်လစ္စတာ၊ ချီယေဆာနဲ့ ဆီမီကတ်စ်တို့လို စီနီယာကစားသမားတွေနဲ့ ပွဲထွက်လာပေမဲ့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

တဖက်မှာလည်း ကိုမိုနောက်ခံလူဒေါ့ဆီနာက မက်ကောနယ်၊ ဝီလ်ရိုက်တို့နဲ့အတူ ဝေဟင်မှာ ဘောလုံးယှဉ်လုချိန် အကျမတော်ဘဲ လက်နဲ့ထောက်မိရာမှ အခုလိုဒဏ်ရာမျိုး ရရှိသွားခဲ့ပါတယ်။

သူ့ရဲ့လက်ချောင်းတွေ အတော်လေးလွဲချော်သွားတာကို ရုပ်သံမှတဆင့် အနီးကပ်ပြသလိုက်မိလို့ LFCTV ရဲ့အစီအစဉ်တင်ဆက်သူတွေတောင် ပရိသတ်တွေဆီ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

အလွန်ထိတ်လန့်စရာကောင်းလွန်းတဲ့ ဒဏ်ရာမျိုး ရရှိခဲ့ပေမဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားကတော့ သူ့ရဲ့မလျှော့သောဇွဲလုံ့လကို ပြသခဲ့ပါတယ်။

ကိုမိုဆေးအဖွဲ့ဆီမှာ ဆေးကုသမှုခံယူပြီးနောက် ဒေါ့ဆီနာကို လက်ချောင်းကို ပိတ်တီးစည်းကာ ကွင်းတွင်းပြန်ဝင်လာခဲ့ပါတယ်။

သူက ပွဲပြီးဆုံးဖို့ ၆ မိနစ် အလိုအထိ ပါဝင်ကစားခဲ့ပြီး ကိုမိုအသင်းအတွက် ပေးဂိုးမရှိရလေအောင် ပါဝင်ကူညီပေးခဲ့ပါတယ်။