The network connection is lost.

Banner Image

အေစီမီလန်ကို ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်ဓါတ်မကျဘဲ အကောင်းမြင်ပေးကြဖို့ ယူနိုက်တက်ပရိသတ်တွေဆီ ကာရစ်တိုက်တွန်း

ပိုလန်မြေရာသီကြိုခြေစမ်းပွဲမှာ အေစီမီလန်ကို ၄-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပေမဲ့ ပရိသတ်တွေ စိတ်ဓာတ်မကျဘဲ အကောင်းမြင်ပေးကြဖို့ မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က တိုက်တွန်းလိုက်ပါတယ်။

အခုပွဲစဉ်မှာ သရဲနီတွေက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ အာမိုရင်ရဲ့မီလန်အသင်း ပြန်လာမှုကို ခွင့်ပြုပေးရကာ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြကာရစ်ကတော့ အခုပွဲစဉ်စွမ်းဆောင်ရည်ပိုင်းအပေါ် မျှော်လင့်ထားသလောက် မဖြစ်လာခဲ့ဘူးလို့ ဝန်ခံခဲ့ပေမဲ့ ဟားလ်စီးတီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက်တော့ အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။

"ဒီနေ့ရလဒ်အတွက်တော့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီနေ့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အကြောင်းရင်းတွေ ရှိသလို ကျွန်တော်တို့လည်း ပိုကောင်းအောင် ပြင်ဆင်သွားရပါမယ်" လို့ သူက မီဒီယာတွေကို ပြောပါတယ်။

"ကစားသမားတချို့က အခုမှ ပထမဆုံးအကြိမ် ပွဲထွက်ကစားရတာပါ။ အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပေမဲ့ အကြောင်းပြချက်တော့ မပေးချင်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုတာတော့ အမှန်ပါပဲ" လို့ ပွဲအပြီးမှာ ကာရစ်က ဆိုပါတယ်။

"ခြုံကြည့်မယ်ဆိုရင်တော့ လာမယ့်သီတင်းပတ်အတွက် ကျွန်တော်တို့အသင်း အဆင်သင့်ဖြစ်နေပါပြီ။ ကစားသမားအတော်များများ ပွဲကစားချိန်တွေ ရရှိခဲ့လို့ ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်။ လေ့ကျင့်ရေးကွင်းမှာလည်း အများကြီးပြင်ဆင်ထားသလို ခြေစမ်းပွဲတွေမှာလည်း ခြေစွမ်းပိုင်း အတော်လေးကောင်းခဲ့ပါတယ်။ လာမယ့်သီတင်းပတ်အတွက် ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေ တက်ကြွနေဆဲပါပဲ" လို့ ကာရစ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။