The network connection is lost.

Banner Image

လီဗာပူးမှာ မက်အယ်လစ္စတာ ဆက်ရှိနေမယ်ဆိုတဲ့ အတည်ပြုချက်ထွက်ပေါ်လာ

လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာရဲ့ ဖခင်ဖြစ်သလို အေးဂျင့်တာဝန်ယူထားသူက အာဂျင်တီးနားစတားကို အခုနွေရာသီမှာ အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်မက်အယ်လစ္စတာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးတို့ မျက်စိကျနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

မက်အယ်လစ္စတာက လီဗာပူးနဲ့ စာချုပ်သက်တမ်းနှစ်နှစ် ကျန်ရှိနေသေးသလို အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဖိုင်နယ်အထိ တက်ရောက်ပြီးနောက် အားလပ်ရက် ရရှိခဲ့ပါတယ်။ အခုတော့ သူက ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အတွက် ကလပ်အသင်းဆီ ပြန်လည်ရောက်ရှိလာပါပြီ။

winwin နဲ့ အင်တာဗျူးမှာ မက်အယ်လစ္စတာရဲ့အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ ကားလို့စ်မက်အယ်လစ္စတာက လီဗာပူးအသင်းမှ ထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ပယ်ချလိုက်ပါတယ်။

"လီဗာပူးမှာပဲ မက်အယ်လစ္စတာ ဆက်ရှိနေပါလိမ့်မယ်။ ဒီနွေရာသီမှာ အသင်းမှထွက်ခွာဖို့ဆိုတဲ့ကိစ္စမျိုးကို ကျွန်တော်တို့ တစ်ခါမှ မဆွေးနွေးဖူးပါဘူး" လို့ မက်အယ်လစ္စတာရဲ့ဖခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။