The network connection is lost.

Banner Image

အက်စတွန်ဗီလာကစားသမားဒစ်ဂ်နေးကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းက အက်စတွန်ဗီလာအသင်းဘယ်နောက်ခံလူလူးကပ်စ်ဒစ်ဂ်နေးကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ချန်ပီယံလိဂ်နှစ်ကြိမ်ဆက်ချန်ပီယံတွေက ဒစ်ဂ်နေးရဲ့စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရို ၁၀ သန်းကို ပေးချေပြီး ကစားသမားကို အမိအရခေါ်ယူခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ဒစ်ဂ်နေးက ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပီအက်စ်ဂျီမှာ နှစ်ရာသီကြာ ကစားခဲ့ဖူးလို့ အခုတော့ ပါရီမြို့ဆီ တကျော့ပြန်ရောက်ရှိလာပါပြီ။ ဒါ့အပြင် သူက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြလူးဝစ်အင်းနရစ်နဲ့လည်း ပြန်လည်ဆုံတွေ့ရပါတော့မယ်။

ဒစ်ဂ်နေးနဲ့ ပြင်သစ်ဘီလူးကြီးတို့အကြား သုံးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒီပြင်သစ်လက်ရွေးစင်ဘယ်နောက်ခံလူက ဗဟိုနောက်ခံလူနေရာဆီ ပြောင်းရွှေ့ကစားမယ့် လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး နူနိုမန်ဒက်စ်ရဲ့အရန်အဖြစ် တာဝန်ယူရပါလိမ့်မယ်။ သူက ကလပ်အသင်းသစ်မှာ ကျောနံပါတ်-၁၂ ဂျာစီကို ဝတ်ဆင်ပါလိမ့်မယ်။

ဒစ်ဂ်နေးက ၂၀၂၂ ခုနှစ်မှာ အဲဗာတန်မှ အက်စတွန်ဗီလာဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၁၈၂ ပွဲပါဝင်ကစားကာ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါလိဂ်ဆုဖလားအောင်ပွဲ ရယူခဲ့ပါတယ်။