The network connection is lost.

Banner Image

ဂူမာယေးစ်နောက်ပိုင်း ကစားသမားသစ်တွေ ထပ်မံခေါ်ယူပေးဖို့ အသင်းဆီတောင်းဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက ဂူမာယေးစ်ကို ခေါ်ယူပြီးနောက် အသင်းအတွက် ကစားသမားသစ်တွေ ထပ်မံအားဖြည့်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ယမန်နေ့၊ ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်ခင် အသက် ၂၈ နှစ်အရွယ်ဂူမာယေးစ်ကို အမ်းမရိတ်စ်ကွင်းပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။

ဂန်းနားတွေက ဂူမာယေးစ်အတွက် နယူးကာဆယ်ဆီ ပေါင် ၇၅ သန်းအထိ ပေးချေခဲ့ရပြီး မက်စလီယာ၊ ဇိုးလစ်တို့နောက် အခုနွေရာသီရဲ့တတိယမြောက်ကစားသမားသစ်ကို ခေါ်ယူခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ၊ လေဗာကူဆင်မှ အငှားလာကစားကာ ခြေစွမ်းပြခဲ့တဲ့ ဟင်ကာပီကိုလည်း အပြီးသတ်ခေါ်ယူထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဘက်ကတော့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆက်လက် ရှာဖွေနေပါတယ်။

ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ရှိဦးမလားဆိုတဲ့ မေးခွန်းကို အာတီတာက "ဒါကတော့ ကျွန်တော်တို့ အခုလက်ရှိကြိုးစားနေတဲ့ အရာပါပဲ။ အသင်းကို အများကြီးပိုကောင်းအောင် လုပ်ပေးနိုင်မယ့် မှန်ကန်တဲ့ ကစားသမားမျိုး ဈေးကွက်ထဲမှာ ရှိနေမယ်ဆိုရင်တော့ ခေါ်ယူဖို့အတွက် ကျွန်တော်တို့ တကယ်ကို စိတ်အားထက်သန်နေပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။