The network connection is lost.

Banner Image

ဖောက်ကလန်ကျွန်းစုဆိုင်းဘုတ်ကိစ္စနဲ့ ဗိုလ်လုပွဲအပြီး ရန်ပွဲတွေကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာ စုံစမ်းစစ်ဆေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်အပြင် အသင်းကစားသမားသုံးဦးနဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးကိုပါ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

အာဂျင်တီးနားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ စပိန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အောင်ပွဲနဲ့လွဲချော်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အချိန်ပိုအပါအဝင် မိနစ် ၁၂၀ ကစားရာမှာ ဂိုးပေါက်တည့်ကန်ချက် လုံး၀မရရှိခဲ့ပါဘူး။

ဒါပေမဲ့ သူတို့ရဲ့ကမ္ဘာ့ဖလားခရီးစဉ်က အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပြီး အခုအခါမှာတော့ အာဂျင်တီးနားအသင်းကို စုံစမ်းစစ်ဆေးနေပြီလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။

ဖီဖာက ပါရီဒက်စ်ရဲ့ကိုယ်ထိလက်ရောက်ကျူးလွန်မှု သုံးမှု၊ မိုလီနာရဲ့ ကိုယ်ထိလက်ရောက်မှု နှစ်မှုနဲ့ အာဂျင်တီးနားနည်းပြအဖွဲ့ဝင်အယာလာရဲ့ ကိုယ်ထိလက်ရောက်မှု တစ်မှုတို့နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

ဒါ့အပြင် မိုလီနာက အားကစားစိတ်ဓါတ်နဲ့မကိုက်ညီတဲ့ အပြုအမူအတွက် စစ်ဆေးခံနေရသလို သူ့ရဲ့အသင်းဖော်အယ်လ်မာဒါနဲ့ စပိန်ကွင်းလယ်လူဂါဗီတို့လည်း အလားတူစွဲချက်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

တစ်ဦးချင်းကျူးလွန်မှုတွေအပြင် ဖီဖာက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)ကိုလည်း "အားကစားပွဲကို အသုံးချပြီး အားကစားနဲ့ မသက်ဆိုင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်တာ"၊ အသင်းလိုက် စည်းကမ်းဖောက်ဖျက်တာ၊ "ခွဲခြားဆက်ဆံမှုနဲ့ လူမျိုးရေး စော်ကားမှုတွေ" အပြင် "ပွဲစဉ်အတွင်း စနစ်တကျ မရှိမှုနဲ့ လုံခြုံရေး" ကိစ္စရပ်တွေအတွက် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

အာဂျင်တီးနားအသင်းကစားခဲ့တဲ့ပွဲစဉ်အများစုမှာ အသင်းကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ မလျော်ကန်တဲ့စာတန်းတွေ ထုတ်ဖော်ပြသမှုနဲ့ ကွင်းတွင်းဆီ ပရိသတ်တွေရဲ့ ပစ္စည်းတွေပစ်ပေါက်မှုတို့ကြောင့် အခုလိုစွဲချက်တွေ ထွက်ပေါ်လာတယ်လို့ ဖီဖာက ဆိုပါတယ်။