The network connection is lost.

Banner Image

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အပေါ် ထောက်ခံမယ့်နိုင်ငံတွေကို ဒေါ်လာသန်း ၄၀ အပိုဆုကြေးပေးမယ်လို့ ဖီဖာကမ်းလှမ်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားအပါအဝင် အဓိကပြိုင်ပွဲတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေမယ့် သူတို့ရဲ့အငြင်းပွားဖွယ်အစီအစဉ်ကို ပိုပြီးတော့ အားစိုက်လုပ်ဆောင်လာနိုင်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေနဲ့ ပတ်သက်နေတဲ့ ဒီနောက်ဆုံးဖြစ်ရပ်ကြောင့်  ရိုက်ခတ်မှုတွေ အများကြီး ရှိနေပါတယ်။ ဖီဖာဘက်က အဓိကပြိုင်ပွဲတွေရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ရှေ့ဆက်ကြိုးစားနေချိန်မှာပဲ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ) အဖွဲ့ဝင် ၅၅ နိုင်ငံက သူတို့ရဲ့ သဘောထားကို ဆုံးဖြတ်ဖို့အတွက် အခုသီတင်းပတ်နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖီဖာက လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားအပါအဝင် အဓိကပြိုင်ပွဲကြီးတွေကို စီမံခန့်ခွဲဖို့အတွက် စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲအသစ်တစ်ခု တည်ထောင်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီကုမ္ပဏီမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာဝယ်ယူဖို့ ခွင့်ပြုပေးသွားပါလိမ့်မယ်။

ဒီကုမ္ပဏီမှတဆင့် ရရှိလာမယ့်ငွေတွေကို ကမ္ဘာ့အနှံ့ရှိ ဘောလုံးအဖွဲ့ချုပ်တွေဆီ ပြန်လည်ခွဲဝေပေးသွားမယ်လို့ ဖီဖာဘက်က ပြောထားပေမဲ့ ယူအီးအက်ဖ်အေနဲ့ အဖွဲ့ဝင်နိုင်ငံအချို့ကတော့ ဒါကို သဘောမကျကြပါဘူး။ သူတို့က ပြိုင်ပွဲတွေအပေါ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေရဲ့လွှမ်းမိုးမှုတွေ ပါဝင်လာမယ့်အရေးကိစ္စကို စိုးရိမ်နေကြပါတယ်။

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကတော့ နောက်တစ်ဆင့်အတွက် အဆုံးအဖြတ်ပေးနိုင်မယ့် အပြောင်းအလဲတစ်ခုကို စတင်လုပ်ဆောင်လိုက်ပါပြီ။

အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင်နိုင်ငံ ၂၁၁ ဆီ စာရေးသားပေးပို့ခဲ့ပြီး အကယ်၍ သူ့ရဲ့ အငြင်းပွားဖွယ်စီမံကိန်းကိုသာ ထောက်ခံမယ်ဆိုရင် တစ်နိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၄၀ (ပေါင်သန်း ၃၀) စီ ထောက်ပံ့ပေးသွားမယ်လို့ အသိပေးခဲ့ပါတယ်။

အစောပိုင်းထောက်ပံ့ကြေးဖြစ်တဲ့ ဒေါ်လာ သန်း ၂၀ (ပေါင် ၁၅ သန်း) ကို ရယူချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တွေက လာမယ့်စက်တင်ဘာ ၁၉ ရက်ထက် နောက်မကျဘဲ အကြောင်းပြန်ကြားပေးရပါလိမ့်မယ်။ ကျန်ရှိတဲ့ငွေကိုတော့ လာမယ့်နှစ်တွေ ဆက်လက်ပေးချေသွားဖို့ ရှိနေပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး နိုင်ငံတကာပွဲစဉ်တွေ ခေတ္တရပ်နားသွားဖို့ရှိနေပြီး လာမယ့် စက်တင်ဘာလနှောင်းပိုင်းကာလမှသာ ဖီဖာရဲ့နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်ပါလိမ့်မယ်။