The network connection is lost.

Banner Image

အကယ်ဒမီကြယ်ပွင့် ၄ ဦးကို ရောင်းထုတ်ပြီး လူရှင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

နွေရာသီအသင်းပြန်လည်တည်ဆောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ ယူနိုက်တက်ဟာ အကယ်ဒမီထွက် ကစားသမား ၄ ဦးကို အသင်းကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မိုက်ကယ်ကားရစ်ရဲ့ အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အတော်လေး အလုပ်များခဲ့ပြီး ကတ်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့ အန်ဒရေဆန်းတိုစ်နဲ့ ယူရီတီလီမန်းစ်တို့ကို ခေါ်ယူခဲ့သလို အရန်ဂိုးသမားအဖြစ် ကားလ်ဒါးလိုးကိုလည်း ဖြည့်တင်းခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ကစားသမားတွေ အသင်းကနေ ထွက်ခွာဖို့ ရှိနေသေးပြီး အသင်းဘက်ကလည်း အကယ်ဒမီလူငယ်ကစားသမား ၄ ဦးကို အသင်းသစ်ရှာဖွေဖို့ ပြောကြားထားတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ နာမည်အကြီးဆုံးကတော့ အသက် ၁၉ နှစ်အရွယ် ဟာရီအာမတ်စ်ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးဝင်းဒေးနဲ့ နောဝစ်ချ်အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

ဂိုးသမား ရာဒက်ဗီတက် (၂၂ နှစ်) ကတော့ ၂၀၂၅-၂၆ ရာသီမှာ ဘရစ္စတိုးစီးတီးအသင်းဆီ အငှားသွားရောက်ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်ဆိုတာကို အတိအလင်း ပြောကြားထားပါတယ်။

အင်္ဂလန်ကွင်းလယ်လူတွေဖြစ်တဲ့ တိုဘီကော်လီယာ (၂၂ နှစ်) နဲ့ ဒန်ဂိုး (၂၁ နှစ်) တို့ကိုလည်း အသင်းရဲ့ အစီအစဉ်တွေမှာ မလိုအပ်တော့တဲ့အတွက် အသင်းကနေ ထွက်ခွာခွင့်ပေးထားတယ်လို့ သိရပါတယ်။