The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ဖို့အတွက် နှုတ်အားဖြင့် သဘောတူညီထားတဲ့ ဒီအိုမန်ဒီ

လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့်ယန်ဒီအိုမန်ဒီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နှုတ်အားဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိသွားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

နည်းပြမော်ရင်ဟိုရဲ့အသင်းက အသက် ၁၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့အတွက် နောက်ဆုံးထွက်ပေါ်လာတဲ့ ဥရောပထိပ်တန်းကလပ်အသင်းကြီးလည်း ဖြစ်ပါတယ်။

ဒီလူငယ်တောင်ပံကစားသမားက အတိတ်မှာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ ဦးစားပေးခဲ့ပေမဲ့ ပြင်သစ်ထိပ်သီးကလပ်အသင်းက လိုက်ပ်ဇစ်နဲ့ ပြင်သစ်ထိပ်သီးကလပ်အသင်းအကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရရှိခဲ့ပါဘူး။

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ လတ်တလောမှာ ဒီအိုမန်ဒီက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့အတွက် နှုတ်ကတိအရ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီကတော့ အပြောင်းအရွှေ့အတွက် လက်မလျှော့သေးဘဲ အဆုံးအထိ ဆက်ပြီး ကြိုးစားသွားပါလိမ့်မယ်။ လိုက်ပ်ဇစ်အသင်းက ဒီအိုမန်ဒီအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၁၂၀ ဝန်းကျင်အထိ အခိုင်အမာ တောင်းဆိုထားပါတယ်။