The network connection is lost.

Banner Image

သရဲနီတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ အပြိုင်အဆိုင်စိတ်ဝင်စားနေ

ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် တော့တင်ဟမ်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ အပြိုင်အဆိုင်ကြံစည်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားအပေါ် နည်းပြသစ်မိုက်ကယ်ကားရစ်ကိုယ်တိုင် ရာသီကြိုကာလမှာ အသေအချာစောင့်ကြည့်ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ကစားသမားကိုယ်တိုင်တော့ အခုနွေရာသီမှာ အသင်းမှထွက်ခွာရဖို့ သေချာသလောက် ဖြစ်နေပါတယ်။

ရက်ရှ်ဖို့ဒ်က ယမန်နှစ်ဘောလုံးရာသီ၊ ဘာစီလိုနာအသင်းဆီ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ၄၉ ပွဲကစားရာမှာ ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လာလီဂါချန်ပီယံတွေက သူ့ကို ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

The I သတင်းဌာနရဲ့ဖော်ပြချက်အရ လန်ဒန်အခြေစိုက်ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ဒီအင်္ဂလန်လက်ရွေးစင် ကစားသမားကိုခေါ်ယူဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ဘက်ကတော့ သူတို့ရဲ့ကစားသမားကို ပြည်တွင်းပြိုင်ဘက်တွေဆီ ရောင်းချဖို့ ဝန်လေးနေလို့ ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်က အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ့်အခွင့်အလမ်း ရှိနေပြန်ပါတယ်။