ရီးရဲလ်မက်ဒရစ်ဆီ စာချုပ်သစ်အတွက် ဗင်နီးစီးယက်စ်ရဲ့တောင်းဆိုချက် ထွက်ပေါ်လာ
ဗင်နီစီးယက်စ်က ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် တောင်းဆိုထားတဲ့ အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့လက်ရှိစာချုပ်က လာမယ့်နှစ်နွေရာသီမှာ ကုန်ဆုံးသွားဖို့ ရှိနေသလို ပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာလည်း သူ့ရဲ့စာချုပ်ကိစ္စက အသင်းနဲ့ဆက်ဆံရေးမှာ အငြင်းပွာစရာတွေ ဖြစ်နေခဲ့ပါတယ်။ အခုတော့ ဗင်နီစီးယက်စ်က အသင်းနဲ့ စာချုပ်သစ်ကိစ္စ ပြန်ဆွေးနွေးချင်နေပေမဲ့ နှစ်ဖက်သဘောတူညီမှုရရှိဖို့တော့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။
OKDIARIO ရဲ့ ဖော်ပြချက်အရ ဗင်နီစီးယက်စ်က ရီးရဲလ်မက်ဒရစ်ဆီမှ အခွန်အခနုတ်ပြီး အသာတင်လုပ်ခလစာ တစ်နှစ် ယူရိုသန်း ၂၀ ဝန်းကျင်ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒီပမာဏကို အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့လည်း ရရှိနေလို့ ရီးရဲလ်မက်ဒရစ်ကတော့ အဲ့ဒီနှုန်းထားအထိ ပေးချေဖို့ ဝန်လေးနေနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဗင်နီစီးယက်စ်ကို အသင်းအတွက် အရေးပါသူအဖြစ် သတ်မှတ်ထားပေမဲ့ စိတ်ပျက်စရာတွေပြည့်နှက်ခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး တစ်ဦးချင်းတောင်းဆိုချက်တွေထက် အသင်းကစားသမားတွေအကြား စည်းလုံးညီညွှတ်မှုကိုပဲ ပိုမိုဦးစားပေးသွားဖို့ ရှိနေပါတယ်။