The network connection is lost.

Banner Image

စပိန်နဲ့ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြင်သစ်က ရဲတပ်ဖွဲ့ဝင်အင်အား ထပ်တိုးချထား

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ စပိန်အသင်းတို့ဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပွဲချိန်ကတော့ နှစ်နိုင်ငံစလုံးရဲ့ ဒေသစံတော်ချိန် ည ၉ နာရီ (ယူကေစံတော်ချိန် ည ၈ နာရီ) ဖြစ်ပါတယ်။

ဒေးဒီးယားဒေရှန့်ရဲ့ လက်အောက်မှာ ပြင်သစ်အသင်းဟာ သုံးကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်လှမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူစည်ကားရာနေရာတွေမှာ ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီပွဲမတိုင်ခင်မှာ လုံခြုံရေးနဲ့ အစိုးရတာဝန်ရှိသူတွေဟာ ပါရီမြို့နဲ့ တခြားလူနေထူထပ်တဲ့ဒေသတွေမှာ ရဲအင်အားတိုးမြှင့်ချထားဖို့ ပူးပေါင်းစီစဉ်ထားပါတယ်။ ဒီပွဲကစားမယ့်နေ့က ပြင်သစ်ရဲ့ အမျိုးသားနေ့နဲ့လည်း တိုက်ဆိုင်နေလို့ဖြစ်ပါတယ်။

ပြင်သစ်အသင်း ဗိုလ်လုပွဲတက်သွားခဲ့ရင် အောင်ပွဲခံမှုတွေရှိလာနိုင်တာကြောင့် အဲဒီရဲအင်အားကို နောက်တစ်နေ့အထိ ဆက်လက်ချထားမှာဖြစ်ပါတယ်။

"အားလုံးလိုချင်နေတဲ့အတိုင်း၊ ကျွန်တော်ကိုယ်တိုင်လည်း အခိုင်အမာယုံကြည်ထားတဲ့အတိုင်း အနိုင်ရခဲ့မယ်ဆိုရင်တော့ အောင်ပွဲခံမှုတွေကတော့ ရှိလာမှာအသေအချာပါပဲ" လို့ ပြည်ထဲရေးဝန်ကြီး လော်ရင့်နူးညက်ဇ်က ပြောကြားခဲ့ပါတယ်။

"အဖျက်အဆီးတွေ ဒါမှမဟုတ် တိုက်ခိုက်မှုတွေရှိလာတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ဘက်ကလည်း စနစ်တကျ ဝင်ရောက်တားဆီးသွားမှာပါ" လို့လည်း သူက ဆိုပါတယ်။

အခုလို လုံခြုံရေးတိုးမြှင့်လိုက်တာဟာ ကွာတားဖိုင်နယ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရတုန်းက အောင်ပွဲခံရာမှာ လူပေါင်း ၈၉ ဦး အဖမ်းခံရပြီး လူငယ်တစ်ဦး မတော်တဆ သေဆုံးခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။

အထူးသဖြင့် ပါရီမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စစ်ရေးပြအခမ်းအနားတွေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကြားမှာ လုံခြုံရေးကို ဟန်ချက်ညီညီဖြစ်စေဖို့ ရဲတပ်ဖွဲ့က အဓိကထား လုပ်ဆောင်နေပါတယ်။