The network connection is lost.

Banner Image

ဂျာမနီဘောလုံးအဖွဲ့ချုပ်အကြီးအကဲတွေနဲ့ ယာဂန်ကလော့ပ်တို့ နယူးယောက်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဒေါ့မွန်၊ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်နဲ့အတူ ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်မှာ ထိုင်နေပါပြီ။

ဂျာဂင်ကလော့ပ်၊ သူ့ရဲ့အေးဂျင့်မာ့ခ်ကိုဆစ်ကီနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)တို့အကြား ပထမအဆင့်ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ Sky Germany ရဲ့ ဖော်ပြချက်အရ DFB ဥက္ကဋ္ဌဘန်းနျူရန်ဒေါ့ဖ်နဲ့ ဒုဥက္ကဋ္ဌဟန်စ်ဂျိုအာချင်ဗက်ဇ်ကေးတို့က ဒီဆွေးနွေးပွဲအတွက် နယူးယောက်မြို့ဆီ ရောက်ရှိနေတယ်လို့ သိရပါတယ်။

DFB နဲ့ ကလော့ပ်ရဲ့ လက်ရှိအလုပ်ရှင်ဖြစ်တဲ့ Red Bull ကုမ္ပဏီတို့အကြား နောက်ဆုံးအဆင့်ညှိနှိုင်းမှုတွေကိုတော့ လာမယ့်သီတင်းပတ်အစောပိုင်း၊ နယူးယောက်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအဖွဲ့အစည်းနဲ့ ညှိနှိုင်းရမယ့်တာဝန်ကိုတော့ ဗက်ဇ်ကေးနဲ့ Red Bull အကြီးအကဲအိုလီဗာမင့်ဇ်လက်ဖ်တို့က တာဝန်ယူဆောင်ရွက်သွားပါလိမ့်မယ်။

လက်ရှိမှာ အရာအားလုံး စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်နေပြီး အားလုံးအချောသတ်ပြီးတာနဲ့ တရားဝင်ထုတ်ပြန်ကြေညာသွားဖို့ ရှိနေပါတယ်။ Sky ရုပ်သံလိုင်းရဲ့အဆိုအရ ဂျာမနီဘောလုံးအဖွဲ့ချုပ်မှာ ဗက်ဇ်ကေး ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း လုပ်ဆောင်စရာလေးတွေ အနည်းငယ်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။