၂၀၃၀ ပြည့်နှစ်အထိ ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူသွားဖို့ ရှိနေတဲ့ ယာဂန်ကလော့ပ်
Sky Germany သတင်းဌာနရဲ့ဖော်ပြချက်အရ ယာဂန်ကလော့ပ်က ဂျာမနီအသင်းနည်းပြသစ်အဖြစ် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။
နာဂယ်စ်မန်း ရာထူးမှနုတ်ထွက်သွားပြီးနောက် ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB) က နည်းပြသစ်နေရာမှာ ကလော့ပ်ကို အစားထိုးခန့်အပ်ဖို့အတွက် ဆွေးနွေးနေတယ်လို့ အတည်ပြုထားပါတယ်။
Sky Germany ရဲ့အဆိုအရ အားလုံးသာ အစီအစဉ်အတိုင်းဖြစ်လာမယ်ဆိုရင် ကလော့ပ်က ဂျာမနီနည်းပြအဖြစ် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုသွားလိမ့်မယ်လို့ သိရပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ လီဗာပူးလ်နည်းပြဟောင်းတို့အကြား နောက်ဆုံးအဆင့ြညှိနှိုင်းမှုတွေကို အခုသီတင်းပတ်ပိတ်ရက်၊ နယူးယောက်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Sky ရဲ့ အဆိုအရ ကလော့ပ်က လက်ရှိတာဝန်ယူထားတဲ့ Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲရာထူးမှ နုတ်ထွက်ဖို့ကို လုပ်ထုံးလုပ်နည်းအရသာ ဆောင်ရွက်လိုပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှုရရှိချိန်မှသာ အပြီးသတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။
အသက် ၅၉ နှစ်အရွယ် ကလော့ပ်က Red Bull ရဲ့ဘောလုံးဆိုင်ရာအကြီးအကဲရာထူးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင်တာဝန်ယူခဲ့ပါတယ်။