The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ ဘာကိုလာကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ အထိ ပီအက်စ်ဂျီသတ်မှတ်

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်တောင်ပံကစားသမား ဘာကိုလာရဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၁၅၀ သန်းအထိ သတ်မှတ်ထားပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ ဘာကိုလာကို ပီအက်စ်ဂျီဘက်က ၂၀၂၈ ခုနှစ်အထိ ရှိနေတဲ့ စာချုပ်သက်တမ်းထက် ပိုတိုးဖို့ ရည်ရွယ်ထားပေမဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ရင်တော့ သူဟာ အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

လီကွပ်ပ် (L’Equipe) သတင်းစာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အာဘီလိုက်ပ်ဇစ် တောင်ပံကစားသမား ရန်ဒီယိုမန်ဒီကို ယူရို သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။

တကယ်လို့ ဘာကိုလာသာ အသင်းကနေ ထွက်ခွာခဲ့ရင် သူ့ရဲ့တန်ကြေးကို ဥရောပက အချမ်းသာဆုံး ကလပ်အသင်းတွေကပဲ ပေးချေနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုနွေရာသီမှာ ကစားသမားရောင်းချမှုကနေ စံချိန်တင်ဝင်ငွေရဖို့ ရည်မှန်းထားပြီး ဂွန်ကာလို ရာမို့စ်နဲ့ လီကန်အင်တို့ကို ရောင်းချခဲ့တာကနေ ယူရို သန်း ၁၀၀ ဝန်းကျင်အထိ ရရှိထားပြီးဖြစ်ပါတယ်။