The network connection is lost.

Banner Image

ဒိုင်တွေရဲ့အကူအညီနဲ့ အာဂျင်တီးနားပဲ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာလိမ့်မယ်လို့ ဒဲ့ဖြုတ်လိုက်တဲ့ အီဂျစ်နည်းပြဟတ်ဆန်

အင်္ဂါနေ့၊ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ပွဲစဉ်အတွင်း အာဂျင်တီးနားကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အီဂျစ်နည်းပြဟော့ဆန်ဟတ်ဆန်က အာဂျင်တီးနားအသင်းဗိုလ်စွဲနိုင်အောင် ဖန်တီးပေးထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဟတ်ဆန်ရဲ့အသင်းက ပွဲချိန် ၇၉ မိနစ်အထိ လက်ရှိချန်ပီယံတွေကို နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ ရိုမဲရိုး၊ မက်ဆီနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် အာဂျင်တီးနားကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာရပါတယ်။

ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် မက်ဆီဦးဆောင်တဲ့အသင်းက လာမယ့်စနေနေ့၊ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်သွားရပါတော့မယ်။ ဒါပေမဲ့ ဒီပွဲရဲ့ရလဒ်ပိုင်းက အခုလို မဟုတ်ဘဲ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

ပွဲချိန်တစ်နာရီဝန်းကျင်မှာ အီဂျစ်အသင်း ၁-၀ ဂိုးဖြင့် ဦးဆောင်နေချိန် ဇီကိုက နောက်ထပ်ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ VAR ကြားဖြတ်ဝင်ရောက်မှုနဲ့အတူ ဒီသွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ပွဲစဉ်အပြီး၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒိုင်တွေကို ကန့်ကွက်ခဲ့လို့ အဝါကတ်ပြခံခဲ့ရတဲ့ နည်းပြဟတ်ဆန်က "လေးစားမှု ဒါမှမဟုတ် တရားမျှတတဲ့ကစားပုံမျိုး ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး။ ပင်နယ်တီတစ်ခု ပယ်ဖျက်ခံခဲ့ရသလို၊ နောက်ထပ်ပင်နယ်တီရသင့်တဲ့ အခြေအနေတစ်ခုကိုလည်း VAR က စစ်တောင် မစစ်ဆေးခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။

"ဒုတိယမြောက်ဂိုးကိုလည်း ဘာအကြောင်းပြချက်နဲ့မှန်းမသိဘဲ ထူးထူးဆန်းဆန်း ပယ်ဖျက်ခဲ့ပါတယ်။ အာဂျင်တီးနားဘက်က ဒိုင်အပေါ် ဖိအားပေးတာတွေ ရှိခဲ့ပုံရပြီး ဒါကပဲ အခုလို ရလဒ် ဖြစ်လာစေတာပါ"

"ဘဝကြီးက မတရားသလို ကမ္ဘာကြီးကလည်း မတရားပါဘူး။ အိုကေ... ဒါပေမဲ့ အားကစားမှာကျတော့ ဘာလို့ တရားမျှတမှု မရှိရတာလဲ။ ဒီပွဲရဲ့ရလဒ်ရော၊ ဖြစ်ပျက်သွားတဲ့ ပုံစံတွေကိုပါ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး" လို့ သူက ဆက်ပြောပါတယ်။

"ဒိုင်က လုံး၀မတရားဘူး၊ ဘုရားသခင်ကပဲ ကျွန်တော့်အတွက် အရာအားလုံးကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒိုင်က နိုင်ငံတစ်ခုလုံးရဲ့ကြိုးစားအားထုတ်မှုတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီဖလားက အာဂျင်တီးနား အနိုင်ရရှိအောင်ပဲ ဖန်တီးထားတာပါ" လို့ ဟတ်ဆန်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။