The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်မှာပဲ ဆက်ရှိနေဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့လဲဆိုတာ ကာယိုဒီ ဖွင့်ဟ

ပရီးမီးယားလိဂ်ကလပ်အသင်းဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကို ကာယိုဒီက ဖွင့်ဟပြောကြားလိုက်ပါတယ်။

အီတလီ ယူ-၂၁ လက်ရွေးစင်ကစားသမားက အနောက်လန်ဒန်လူနေမှုဘ၀နဲ့ အဆင်ပြေပြေအသားကျလာပြီးနောက် အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ သူက ကလပ်အသင်းရဲ့နွေးထွေးတဲ့ပတ်ဝန်းကျင်ကြောင့် ဘရန့်ဖို့ဒ်မှာပဲ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

"အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်မှုက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ခံစားချက်မျိုးပါ၊ ဒါကြောင့် ကျွန်တော် တကယ်ကို ပျော်ရွှင်ရပါတယ်" လို့ ကာယိုဒီက ကလပ်အသင်းဝက်ဆိုဒ်ဆီ ပြောပါတယ်။

"ဒီကလပ်က မိသားစုတစ်ခုလို ခံစားရလို့ ကျွန်တော့်ရဲ့ခရီးစဉ်ကို ဒီမှာပဲ ဆက်လျှောက်လှမ်းချင်ပါတယ်။ ကျွန်တော့်မှာ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေပြီး ဒါကပဲ မနက်ခင်း လေ့ကျင့်ခန်းဆင်းဖို့၊ အသင်းဖော်တွေ၊ ဝန်ထမ်းတွေနဲ့ ပတ်ဝန်းကျင်မှာရှိသူအားလုံးနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖို့ စိတ်အားထက်သန်စေပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "အသင်းဆီ ကျွန်တော်စရောက်ချိန်ကတည်းက အားလုံးက အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာ ဆယ်စုနှစ်တစ်ခုလောက် ကစားနေရသလိုမျိုး ခံစားရပါတယ်" လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ကွင်းတွင်းကွင်းပြင် ကျွန်တော် အများကြီး တိုးတက်လာခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် တကယ့်ကို အရေးကြီးပါတယ်" လို့ ကာယိုဒီက နိဂုံးချုပ်ပြောဆိုခဲ့ပါတယ်။