The network connection is lost.

Banner Image

ပီအက်စ်ဂျီကွင်းလယ်လူ ဖေဘီယန်ရုဇ်ကို ခေါ်ယူပေးဖို့ ချဲလ်ဆီးအသင်းထံ ဇာဘီအလွန်ဆို တောင်းဆို

ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ဇာဘီအလွန်ဆိုဟာ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ ဖေဘီယန်ရုဇ်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းပွဲစဉ် ၂၀ မှာ ၁၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ အသင်းက ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ရာမှာတော့ အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနည်းပြသစ် အလွန်ဆိုဟာ သူ့ရဲ့ စိတ်ကြိုက်အသင်းကို ပုံဖော်တည်ဆောက်ဖို့အတွက် ရုဇ်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက်စ်ရဲ့ အနာဂတ်ကလည်း မသေချာမရေရာဖြစ်နေတာကြောင့် အခုနွေရာသီမှာ ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်လူအသစ်တစ်ဦး ခေါ်ယူဖို့ ရှိနေတာကတော့ သေချာသလောက်ပါပဲ။ ပီအက်စ်ဂျီအသင်းက ရုဇ်ကို ယူရို သန်း ၃၀ ဝန်းကျင်လောက် တန်ဖိုးဖြတ်ထားပေမဲ့ ချဲလ်ဆီးအနေနဲ့တော့ အီတလီနဲ့ တူရကီကလပ်အသင်းတွေရဲ့ ပြိုင်ဆိုင်မှုနဲ့လည်း ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။