The network connection is lost.

Banner Image

နယူးကာဆယ်ကွင်းလယ်လူ ဘရူနို ဂူမာရေးစ်ကို ခေါ်ယူဖို့ လီဗာပူးနဲ့ ယူနိုက်တက်တို့ ဆွေးနွေးမှုတွေ စတင်

လီဗာပူးနဲ့ မန်ယူအသင်းနှစ်သင်းလုံးဟာ နယူးကာဆယ်ကွင်းလယ်လူ ဘရူနို ဂူမာရေးစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်စကားပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားအတွက် အာဆင်နယ်အသင်းက ဒီလအစောပိုင်းမှာ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပေမဲ့ နယူးကာဆယ်ဘက်က ချက်ချင်းဆိုသလို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့တွေ အများကြီးရှိလာနိုင်တဲ့ ဒီနွေရာသီမှာ နည်းပြ အက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းထုတ်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး။

သတင်းထောက် ဘန်ဂျေးကော့စ်ရဲ့ အဆိုအရ လီဗာပူးနဲ့ မန်ယူအသင်းတို့ဟာ ကွင်းလယ်လူရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်မှုတွေ အသီးသီး လုပ်ထားကြတယ်လို့ ဆိုပါတယ်။

ဘန်ဂျေးကော့စ်က The Redmen TV နဲ့ စကားပြောဆိုရာမှာ "ဘရူနို ဂီမာရေးစ်ဘက်ကို ကနဦး စုံစမ်းမေးမြန်းမှုတွေ ရှိခဲ့သလို လွန်ခဲ့တဲ့ ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ အာဆင်နယ်ကတော့ တကယ်ကိုပဲ ဈေးနှုန်းတစ်ခုနဲ့ ကမ်းလှမ်းခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။

"လီဗာပူးကတော့ မန်ယူ လွန်ခဲ့တဲ့ လပိုင်းတွေက လုပ်ခဲ့သလိုမျိုးပဲ အေးဂျင့်ဖြစ်သူနဲ့ စကားပြောခဲ့တာဖြစ်ပြီး ဒါကတော့ ဒီလောက်ပါပဲ။ သူတို့တွေဘက်က တိုးတက်မှုရှိလာတယ်လို့လည်း ကျွန်တော် မကြားမိပါဘူး၊ ပြီးတော့ သူတို့အနေနဲ့ ပိုငယ်တဲ့သူမျိုးကိုပဲ လိုချင်နေတာဖြစ်နိုင်လို့ ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက နယူးကာဆယ်ဘက်ကလည်း မရောင်းချင်ဘူးဆိုတာကို မမေ့ပါနဲ့ဦး" လို့လည်း ၎င်းက ဆိုပါတယ်။