ပေါ်တူဂီတို့ ကိုလံဘီယာကိုကျော်ပြီး အုပ်စုဗိုလ်ဖြစ်နိုင်မလား
ဒီနေ့ည ၃နာရီခွဲမှာလည်း ပနားမားနဲ့ အင်္ဂလန်တို့ ရင်ဆိုင်ရမယ့်ပွဲစဉ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ခရိုအေးရှား နဲ့ ဂါနာတို့ကစားကြမှာဖြစ်ပါတယ်။ မနက်ဖြန်မနက်မှာတော့ ကိုလံဘီယာနဲ့ ပေါ်တူဂီတို့ ရင်ဆိုင်ရမယ့်ပွဲစဉ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအာကွန်ဂိုနဲ့ ဥဇဘက်ကစ္စတန်တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မနက်ဖြန်မနက် ၈း၃၀မှာတော့ ဂျော်ဒန်နဲ့ အာဂျင်တီးနားတို့ ရင်ဆိုင်ရမယ့်ပွဲစဉ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ အယ်လ်ဂျီးရီးယားနဲ့ ဩစတြီးယားတို့ ရင်ဆိုင်ကြမှာဖြစ်ပါတယ်။