The network connection is lost.

Banner Image

လိဒ်ယူနိုက်တက်ကစားသမားဟောင်း ဆမ်မာဗီလီကို ခေါ်ယူဖို့ ယူနိုက်တက် မျက်စိကျနေ

လိဒ်ယူနိုက်တက်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဝက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ တောင်ပံကစားသမား ဆမ်မာဗီလီကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဝက်စ်ဟမ်းအသင်းအတွက် ဆိုးရွားခဲ့တဲ့ ရာသီတစ်ခုအတွင်းမှာပဲ ၃၄ ပွဲကစား၊ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် အားလုံးကို အထင်ကြီးအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

ဒါကြောင့်လည်း ပရီမီယံလိဂ်ရဲ့ ထိပ်သီးကလပ်အချို့က လိဒ်ယူနိုက်တက်ကစားသမားဟောင်းကို သူတို့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ Teamtalk ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသင်းရဲ့ ဘယ်တောင်ပံနေရာမှာ အဆင်သင့်အသုံးပြုနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီးတော့ တော့တင်ဟမ်အသင်းနဲ့အတူ အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဆမ်မာဗီလီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင်အထိ အလိုရှိနေပါတယ်။ ဒါပေမဲ့လည်း အသင်းတန်းဆင်းသွားခဲ့ရပြီးနောက်ပိုင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းမှုတွေ လုပ်ဆောင်လာနိုင်ခြေ ရှိနေပါတယ်။