The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာတင် နည်းပြကို ရာထူးမှဖယ်ရှားလိုက်တဲ့ တူနီးရှား

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ဆွီဒင်အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ တူနီးရှားဘောလုံးအဖွဲ့ချုပ်က နည်းပြဆာဘရီလာမူချီ ကို ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆာမိထရာဘယ်လ်ဆီလက်အောက် စိတ်ပျက်စရာအာဖရိကဖလား(AFCON)ပြိုင်ပွဲခရီးစဉ်အပြီးမှာ တူနီးရှားလက်ရွေးစင်အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းက အသင်းကို လမ်းကြောင်းမှန်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

တူနီးရှားအသင်းက ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုတွေမှာလည်း သြစတြီးယားကို ၁-၀ ဂိုး၊ ဘယ်လ်ဂျီယံကို ၅-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ပြီး ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အခုရှုံးပွဲကြောင့် နည်းပြအတွက် နောက်ဆုံးသော ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။

သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ မွန်ဒါကီဘာအာက ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ တူနီးရှားအသင်းအတွက် ဂျပန်၊ နယ်သာလန်တို့လို ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရဖို့ရှိနေသေးလို့ ပိုမိုကြမ်းတမ်းတဲ့ခရီးလမ်းတစ်ခုကို ကျော်ဖြတ်သွားရဖွယ် ရှိပါတယ်။