The network connection is lost.

Banner Image

လီဗာပူးကို ငြင်းပယ်ပြီး ဂျာမနီမှာပဲဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်တဲ့ ဟာသာဘာလင်လူငယ်ကြယ်ပွင့် အိုက်ချ်ဟွန်း

ဟာသာဘာလင်အသင်းလူငယ်ကြယ်ပွင့်အိုက်ချ်ဟွန်းက ဂျာမန်ဘောလုံးလောကမှာ ဆက်လက်ကျင်လည်ဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းလီဗာပူးဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၁၆ နှစ်အရွယ်ကစားသမားက ၁၉ ပွဲကစား၊ နှစ်ဂိုးသွင်းယူကာ ဟာသာဘာလင်အသင်းနဲ့အတူ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းပြီးနောက် ဥရောပရဲ့ထွန်းသစ်စလူငယ်ကြယ်ပွင့်တွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အိုက်ချ်ဟွန်းရဲ့ ဟာသာဘာလင်အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ယူရို ၁၂ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေပြီး ဒီနွေရာသီမှာ ပိုမိုကြီးမားတဲ့လမ်းကြောင်းသစ်ဆီ ရွေ့လျားသွားဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

Sky Sport Germany သတင်းထောက် ဖလော်ရီယန်ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ လီဗာပူးအသင်းရဲ့ဆွဲဆောင်မှုတွေ ရှိပေမဲ့ အန်ဖီးလ်မြေဆီ အိုက်ချ်ဟွန်း မရောက်ရှိလာနိုင်ဘူးလို့ သိရပါတယ်။

အိုက်ချ်ဟွန်းက အင်္ဂလန်ဆီပြောင်းရွှေ့ဖို့အစား ဂျာမနီမှာပဲ ဆက်ရှိနေနိုင်ဖို့ မျှော်လင့်ထားပြီး လေဗာကူဆင်နဲ့ လိုက်ပ်ဇစ်တို့ကလည်း သူ့ကိုခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။

လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုက အခြားကလပ်အသင်းတွေထက် ပိုမိုမြင့်မားခဲ့ပေမဲ့ ကစားသမား မှတ်ပုံတင်ခြင်းဆိုင်ရာစည်းမျဉ်းတွေအရ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အိုက်ချ်ဟွန်းအတွက် အပြောင်းအရွှေ့ကို တရားဝင်အပြီးသတ်သွားနို်ငဖို့ မရှိပါဘူး။