The network connection is lost.

Banner Image

ဟန်ဆီဖလစ်ခ်ရဲ့နေရာမှာ ဆက်ခံဖို့အတွက် ဖာဘရီဂတ်စ်ကို ခေါ်ယူရန် ဘာစီလိုနာ ကြံစည်နေ

ဘာစီလိုနာအသင်းဟာ နည်းပြ ဟန်ဆီဖလစ်ခ် ရာထူးကနေ အခြေအနေတစ်ခုခုကြောင့် ထွက်ခွာသွားမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုမိုအသင်းရဲ့ နည်းပြ ဆက်စ်ဖာဘရီဂတ်စ်ကို သွားရောက်တွေ့ဆုံစကားပြောဖို့ ကိုယ်စားလှယ်တွေ စေလွှတ်လိုက်တယ်လို့ သတင်းများအရ သိရပါတယ်။

အသက် ၆၁ နှစ်အရွယ် ဖလစ်ခ်ဟာ ကတ်တလန်ကလပ် ဘာစီလိုနာဆီ ရောက်ရှိလာကတည်းက အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး သူကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီစလုံးမှာ လာလီဂါဖလားကို အံ့အားသင့်ဖွယ် ရယူပေးနိုင်ခဲ့သူပါ။

ဒီဂျာမန်နည်းပြဟာ မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့သက်တမ်းကို ကမ့်နူးကွင်းမှာ ၂၀၂၈ ခုနှစ်အထိ ရှိနေစေမှာဖြစ်သလို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် အခွင့်အရေးလည်း ပါဝင်နေပါတယ်။

ဒါပေမဲ့ AS သတင်းစာရဲ့ အဆိုအရ ဘာစီလိုနာတို့ဟာ လက်ရှိအောင်မြင်မှုအပေါ်မှာတင် ရောင့်ရဲမနေဘဲ အသင်းကစားသမားဟောင်း ဖြစ်သူ ဖာဘရီဂတ်စ်ကို ဖလစ်ခ်ရဲ့နေရာမှာ ဆက်ခံမယ့်သူအဖြစ် ရေရှည်စီမံကိန်းချပြီး မျက်စိကျနေတာပါ။

အသက် ၃၉ နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို သူတို့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လမ်းညွှန်ပြသနိုင်ခဲ့ပြီးနောက် ဥရောပရဲ့ အလားအလာအကောင်းဆုံး လူငယ်နည်းပြတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာရဲ့ ညာလက်ရုံးဖြစ်သူ အလက်ဟန်ဒရို အက်ချီဗာရီယာဟာ ဖာဘရီဂတ်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် ကိုမိုမြို့ဆီ ကိုယ်တိုင်သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။