The network connection is lost.

Banner Image

အလီဆင်ရဲ့ငြင်းပယ်မှုအပြီး အက်စတွန်ဗီလာဂိုးသမားမာတီနက်ဇ်ဆီ မြှားဦးလှည့်လာတဲ့ ဂျူဗင်တပ်စ်

အလီဆင်ကိုခေါ်ယူနိုင်ရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းက အက်စတွန်ဗီလာဂိုးသမားမာတီနက်ဇ်ကို သူတို့ရဲ့ ဦးစားပေးဂိုးသမားပစ်မှတ်သစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အီတလီကလပ်အသင်းကြီးက လီဗာပူးနဲ့ ဘရာဇီးဂိုးသမားအလီဆင်ကို စီးရီးအေရပ်ဝန်းဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အန်ဖီးလ်မှာ အနည်းဆုံးနောက်ထပ်တစ်ရာသီလောက် ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဂျူဗင်တပ်စ်အသင်းက ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပြီး အက်စတွန်ဗီလာအသင်းရဲ့ အသက် ၃၃ နှစ်အရွယ်မာတီနက်ဇ်ဆီ အာရုံစိုက်လာခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအရွှေ့ရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းဖို့အတွက် အက်စတွန်ဗီလာအသင်းနဲ့ရော၊ မာတီနက်ဇ်နဲ့ပါ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

သူတို့က မာတီနက်ဇ်တောင်းဆိုမယ့် မြင့်မားတဲ့လစာနှုန်းထားတွေကြောင့် နောက်ဆုတ်သွားဖို့ မရှိပေမဲ့ အခြားရွေးချယ်မှုအဖြစ် တော့တင်ဟမ်အသင်းရဲ့ အသက် ၂၉ နှစ်အရွယ်ဂိုးသမား ဗီကာရီယိုကိုလည်း စောင့်ကြည့်နေတယ်လို့ နားလည်ရပါတယ်။