The network connection is lost.

Banner Image

ကစားသမားဘဝတိုးတက်မှုတွေအတွက် AIK စတော့ဟုမ်းစ်အသင်းကို ဘရိုက်တန်ကြယ်ပွင့်သစ်ယိုဟန်နာ ကျေးဇူးတင်စကားဆို

ဘရိုက်တန်လူငယ်ကြယ်ပွင့်သစ်ယိုဟန်နာက သူ့ရဲ့ကစားသမားဘဝ တိုးတက်လာအောင် အဓိကကူညီပံ့ပိုးပေးခဲ့တဲ့ AIK စတော့ဟုမ်းအသင်းကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒီနိုင်ဂျီးရီးယားလူငယ်ကစားသမားက ဆွီဒင်ကလပ်အသင်းနဲ့အတူ ဖြတ်သန်းလာမှုကို အဆုံးသတ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဆီ ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာပါတယ်။

သူက လုပ်ထုံးလုပ်နည်းတွေအတိုင်း အခုလနှောင်းပိုင်း၊ အပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန် အေမက်စ်ကွင်းဆီ တရားဝင်ပူးပေါင်းသွားပါလိမ့်မယ်။

ယိုဟန်နာက သူ့ရဲ့တိုးတက်မှုတွေကို ပုံဖော်ပေးခဲ့ပြီး ဆွီဒင်မြေမှာ အမှတ်ရစရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းနိုင်အောင် ကူညီပေးခဲ့တဲ့ AIK စတော့ဟုမ်းစ်အသင်းမှာရှိနေသူတိုင်းရဲ့ ထောက်ပံ့ပေးမှုတွေအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

"လွန်ခဲ့တဲ့တစ်နှစ်နီးပါးလောက်က AIK စတော့ဟုမ်းစ်အသင်းရဲ့စီနီယာအသင်းကြီးအတွက် ကျွန်တော့်ရဲ့ပထမဆုံးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ချိန်မှာ ကျွန်တော့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ အေအိုင်ကေဆီ ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက စက္ကန့်တိုင်း ပျော်ရွှင်ခဲ့ရသလို အခုအချိန်မှာတော့ နောက်ထပ်အိပ်မက်တစ်ခုလည်း ထပ်ပြီး ပုံဖော်နိုင်ခဲ့ပါပြီ" လို့ AIK စတော့ဟုမ်းစ်အသင်းတရားဝင်ဝက်ဘ်ဆိုက်က ယိုဟန်နာရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

"အခု AIK စတော့ဟုမ်းစ်မှ ကျွန်တော်ထွက်ခွာသွားရပေမဲ့ ဒီကလပ်အသင်းက ကျွန်တော့်အတွက်  ဘောလုံးသမားတစ်ဦးအဖြစ်ရော၊ လူသားတစ်ဦးအဖြစ်ပါ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိခဲ့တယ်ဆိုတာကို အမြဲတမ်းနှလုံးသွင်းသတိတရဖြစ်သွားပါမယ်။ ကျွန်တော့်ကို အစဉ်တစိုက်အားပေးခဲ့ကြတဲ့ ကစားသမားတွေ၊ နည်းပြတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။