The network connection is lost.

Banner Image

ဂေါ်ဒွန်ရဲ့ပြောင်းရွှေ့လာမှုကြောင့် စိတ်ပျက်နေတဲ့ ရက်ရှ်ဖို့ဒ်အတွက် ဖိအားဖြစ်စေလိမ့်မယ်လို့ မန်ဒီယေတာဆို

စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်းမန်ဒီယေတာက ဂေါ်ဒွန်ရဲ့ပြောင်းရွှေ့လာမှုကြောင့် မန်ချက်စတာယူနိုက်တက်မှ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ပြောင်းရွှေ့မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက နယူးကာဆယ်ယူနိုက်တက်အသင်းမှ အင်္ဂလန်တိုက်စစ်မှူးဂေါ်ဒွန်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပြီး ဒါက အသက် ၂၅ နှစ်အရွယ်ကစားသမားအတွက်တော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံးသောပြောင်းရွှေ့မှု ဖြစ်ပါတယ်။

စပိန်ကလပ်အသင်းက ပြီးခဲ့တဲ့ရာသီဘောလုံးရာသီမှာ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ခဲ့တဲ့ အငှားကစားသမားရက်ရှ်ဖို့ဒ်ကို ယူရိုသန်း ၃၀ ဖြင့် ဝယ်ယူခွင့်ရှိပေမဲ့လည်း ဒီနွေရာသီမှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ မရွေးချယ်ခဲ့ပါဘူး။

ရက်ရှ်ဖို့ဒ်ရဲ့သီတင်းတစ်ပတ်လုပ်ခလစာ ပေါင် ၃၂၅,၀၀၀ ကြောင့် ဒီအပြောင်းအရွှေ့က အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး အခုအခါမှာတော့ အင်္ဂလန်အသင်းဖော်ဂေါ်ဒွန်ကြောင့် ဒီအပြောင်းအရွှေ့ဟာ ပိုမိုခက်ခဲသွားခဲ့ပါတယ်။

မန်ဒီယေတာကတော့ ဂေါ်ဒွန်ရဲ့ ပြောင်းရွှေ့မှုကြောင့် အခုနွေရာသီမှာ ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ဖိအားတွေ ပိုမိုများပြားလာစေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ဂေါ်ဒွန်ကိုခေါ်ယူလိုက်မှုကြောင့် ရက်ရှ်ဖို့ဒ်အတွက် ဆွေးနွေးမှုတွေရဲ့သဘောသဘာဝကို သေချာပေါက်ပြောင်းလဲသွားစေခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ငွေကြေးအင်အားမရှိဘူးလို့ လူတွေထင်ထားကြပေမဲ့ ဒီလိုဓနအင်အားမျိုး ရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။"

"ဒါပေမဲ့ အဲဒီနေရာမှာ အခြားကစားသမားတစ်ဦးရှိလာလို့ ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားဖို့ဆိုတာ သူတို့အတွက် ဦးစားပေးဖြစ်နေဦးမလားဆိုတာ ကျွန်တော်တော့ အာမမခံနိုင်ပါဘူး။ သူတို့က ကစားပုံမတူညီတဲ့ အခြားကစားသမားတစ်ဦးကို ရှာဖွေနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။"

"ကလပ်အသင်းက သူ့ကို သဘောကျပြီး ဆက်ထိန်းထားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာဖိအားတွေ ဖြစ်လာစေပါတယ်။ ဒါက 'မင်း ဒီမှာ ဆက်နေချင်လား။ ဒါ ငါတို့ပေးနိုင်တဲ့ ပမာဏပဲ' လို့ ဆိုလိုတာမျိုး ဖြစ်လာပါလိမ့်မယ်။"

"ဒီဈေးနှုန်းကို ခင်ဗျား လက်ခံမလား၊ လက်မခံဘူးလား ဆိုတာပါပဲ။ ကစားသမားတစ်ဦးတည်းကို ခေါ်ယူလိုက်ရုံနဲ့ အခြေအနေတွေ ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပြီး ရက်ရှ်ဖို့ဒ်တော့ စိတ်ပျက်သွားနိုင်ပါတယ်"လို့ မန်ဒီယေတာက ဆက်ပြောခဲ့ပါတယ်။

ဂေါ်ဒွန်က နယူးကာဆယ်အတွက် ၁၅၂ ပွဲ ကစားခဲ့ရာမှာ ၃၉ ဂိုး သွင်းယူပေးထားပြီး လာမယ့်ရာသီ၊ ဘာစီလိုနာအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ရက်ရှ်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေသွားနိုင်ပါတယ်။