The network connection is lost.

Banner Image

အစီအစဉ်တွေ အကြီးအကျယ်ပြောင်းလဲသွားပြီးနောက် ဘရန့်ဖို့ဒ်ဆီပြောင်းရွှေ့မယ့် အယ်လ်မာလရဲ့အစီအစဉ် အပြီးတိုင်ပျက်ပြယ်

ကိုလုံးအသင်းတိုက်စစ်မှူးဆာအိဒ်အယ်လ်မာလက ဘရန့်ဖို့ဒ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အကြောင်းကြားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ကနဦးကမ်းလှမ်းမှု ယူရို ၄၅ သန်းအပြင် အလွယ်တကူရရှိနိုင်မယ့်ဆုကြေး ယူရို ၅ သန်းတန်ကြေးရှိ ကမ်းလှမ်းမှုကို လက်ခံပြီးနောက် အသက် ၁၉ နှစ်အရွယ်ကစားသမားလေးအတွက် ဘရန့်ဖို့ဒ်အသင်းဆီ ပူးပေါင်းဖို့ကိစ္စမှာ အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့ပုံရပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ သတင်းထောက် ဖလော်ရီယန်ပလက်တန်ဘတ်ချ်ရဲ့ အဆိုအရ ပရီးမီးယားလိဂ်ကလပ်အသင်းဆီ အယ်လ်မာလ မပြောင်းရွှေ့ဖြစ်တော့ဘူးလို့ သိရပါတယ်။

သူရဲ့အဆိုအရ အခြားသတင်းတွေနဲ့မတူဘဲ အယ်လ်မာလက ဘရန့်ဖို့ဒ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတစုံတရာ မရရှိခဲ့ဖူးသလို လတ်တလောမှာ သူ့ရဲ့အနာဂတ်လည်း လုံးဝမရေမရာဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ ၃၆ ပွဲကစား၊ ၁၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒီတောင်ပံကစားသမားကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့ဖူးပါတယ်။