အန်ဒါဆန်အတွက် မန်စီးတီးရဲ့ကနဦးကမ်းလှမ်းမှုကို နော်တင်ဟမ်ဖောရက်စ် ပယ်ချ
ကွင်းလယ်လူအန်ဒါဆန်အတွက် မန်စီးတီးအသင်းရဲ့ပထမဆုံးကမ်းလှမ်းမှုကို နော်တင်ဟမ်ဖောရက်စ်အသင်းက ပယ်ချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်အန်ဒါဆန်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးအသင်းရဲ့ အဓိကဦးစားပေးပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ နော်တင်ဟမ်ဖောရက်စ်က ဒီကလန်ရိုက်စ်အတွက် ဂန်းနားတို့ပေးချေခဲ့ရတဲ့ ပေါင် ၁၀၅ သန်းဆိုတဲ့ပမာဏထက် ပိုမိုလိုချင်နေလို့ အန်ဒါဆန်အတွက် မန်စီးတီးရဲ့ပထမဆုံး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကိုယ်တိုင်လည်း လက်ရှိအချိန်မှာ အန်ဒါဆန်ကိုရောင်းချဖို့ အပြင်းအထန်ကြိုးစားနေခြင်း မရှိသလို မန်စီးတီးကလည်း အကောင်းဆုံးသဘောတူညီမှုတစ်ခု ရရှိလာစေဖို့အတွက် နောက်တစ်ကြိမ်ကမ်းလှမ်းလာဦးမယ်လို့ ယူဆရပါတယ်။
ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ဝင်စားမှုလည်း ရှိခဲ့ပေမဲ့ အန်ဒါဆန်အတွက် နော်တင်ဟမ်ဖောရက်စ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏ မြင့်မားလွန်းလို့ လက်လျှော့သွားခဲ့ပါတယ်။