🏆ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ခံရမှုအများဆုံးကလပ်အသင်းများ
အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဇွန် ၁၁ ရက်မှာ စတင်ကျင်းပပါတော့မယ်။ ကလပ်အသင်းပွဲစဉ်တွေကို ခေတ္တဘေးဖယ်ထားရမယ့် အချိန်ဖြစ်ပေမဲ့ အဲဒီမတိုင်ခင် ဂုဏ်ယူစရာ အချက်အလက်အချို့ကို ကြည့်လိုက်ကြရအောင်။
ဘယ်ကလပ်အသင်းရဲ့ကစားသမားတွေ ကမ္ဘာ့ဖလားအတွက် ရွေးချယ်ခံရမှု အများဆုံးဖြစ်မလဲ။
O Globo သတင်းစာရဲ့ လေ့လာဆန်းစစ်ချက်အရ ပြိုင်ပွဲအတွက် ရွေးချယ်ခံထားရတဲ့ ကစားသမား ၁,၂၄၈ ဦးရဲ့ အခြေစိုက်ရာကလပ်တွေကို ခြေရာခံရာ ဒီကစားသမားတွေကို ကမ္ဘာတစ်ဝှမ်း မတူညီတဲ့ ကလပ်အသင်း ၄၅၃ ခုမှာ မြင်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီဇယားရဲ့ထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသား ဦးဆောင်နေတဲ့ကလပ်အသင်းကတော့ ကစားသမား ၁၉ ဦးကို မတူညီတဲ့ နိုင်ငံလက်ရွေးစင်အသင်း ၁၂ ခုဆီ စေလွှတ်ပေးထားတဲ့ မန်စီးတီးအသင်း ဖြစ်ပါတယ်။ မန်စီးတီးအတွက် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဘိုင်ယန်မြူးနစ်(၁၇ ဦး ရွေးချယ်ခံရ)ဆီ ဆုံးရှုံးခဲ့ရတဲ့ စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့မှု ဖြစ်ပါတယ်။
အဲဒီမတိုင်ခင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မန်စီးတီးက ကစားသမား ၁၆ ဦးနဲ့ စံချိန်တင်ထားခဲ့ဖူးပါတယ်။
🌍 **မန်ချက်စတာစီးတီးအသင်းမှ ရွေးချယ်ခံရတဲ့ ကစားသမား ၁၉ ဦး (နိုင်ငံအလိုက်) **
အင်္ဂလန်: ဂျိမ်းစ်ထရက်ဖို့ဒ် (ဂိုးသမား)၊ ဂျွန်စတုန်းစ် (ဗဟိုနောက်ခံလူ)၊ ဂူဟီ (ဗဟိုနောက်ခံလူ)၊ နီကို အိုရွိုင်လီ (နောက်ခံလူ)။
ပေါ်တူဂီ: မားသီးယပ်စ်နူနက်စ် (နောက်ခံလူ)၊ ရူဘင်ဒီယက်စ် (ဗဟိုနောက်ခံလူ)၊ ဘာနာဒိုဆေးလ်ဗား (ကွင်းလယ်လူ)။
ခရိုအေးရှား: ဂျီဗာဒီအော (ဗဟိုနောက်ခံလူ)၊ ကိုဗာဆစ် (ကွင်းလယ်လူ)။
နယ်သာလန်: နသန်အကီ (ဗဟိုနောက်ခံလူ)၊ ရိန်ဒါစ် (ကွင်းလယ်လူ)။
အယ်လ်ဂျီးရီးယား: အစ်နူရီ (နောက်ခံလူ)။
ဘယ်လ်ဂျီယံ: ဒိုကူ (တိုက်စစ်မှူး)။
အီဂျစ်: အိုမာမာမွတ်ရှ် (တိုက်စစ်မှူး)။
စပိန်: ရိုဒရီ (ကွင်းလယ်လူ)။
ပြင်သစ်: ချာကီ (တိုက်စစ်မှူး)။
ဂါနာ: ဆီမန်ညို (တိုက်စစ်မှူး)။
နော်ဝေ: ဟာလန်း (တိုက်စစ်မှူး)။
ဥဇဘက်ကစ္စတန်: ခူဆာနော့ဗ် (ဗဟိုနောက်ခံလူ)။
📊 **ထိပ်ဆုံးငါးသင်းနဲ့ ဥရောပပြင်ပထိပ်တန်းကလပ်များ**
ဘိုင်ယန်မြူးနစ်အသင်းက ၁၈ ဦးဖြင့် ဒုတိယနေရာမှာ ရှိနေပြီး အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့က ၁၆ ဦးစီဖြင့် ပူးတွဲတတိယ၊ ဘာစီလိုနာက ၁၅ ဦးဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
ဥရောပပြင်ပကလပ်အသင်းတွေမှာတော့ ဆော်ဒီပြည်တွင်းကလပ် အယ်လ်ဟီလယ်က အထူးခြားဆုံးဖြစ်ပြီး ကစားသမားစုစုပေါင်း ၁၂ ဦးဖြင့် အဆင့်-၆ နေရာမှာ ရှိနေပါတယ်။
📋 **ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားရွေးချယ်ခံရမှုအများဆုံးကလပ်အသင်းများ အဆင့်သတ်မှတ်ချက်**
အဆင့် ၁ - မန်စီးတီး (အင်္ဂလန်) - ၁၉ ဦး
အဆင့် ၂ - ဘိုင်ယန်မြူးနစ် (ဂျာမနီ) - ၁၈ ဦး
အဆင့် ၃ - အာဆင်နယ် (အင်္ဂလန်) - ၁၆ ဦး
အဆင့် ၃ - ပီအက်စ်ဂျီ(ပြင်သစ်) - ၁၆ ဦး
အဆင့် ၅ - ဘာစီလိုနာ (စပိန်) - ၁၅ ဦး
အဆင့် ၆ - အယ်လ်ဟီလယ် (ဆော်ဒီအာရေဗျ) - ၁၂ ဦး
အဆင့် ၆ - အက်သလက်တီကိုမက်ဒရစ် (စပိန်) - ၁၂ ဦး
အဆင့် ၆ - ခရစ္စတယ်ပဲလေ့စ် (အင်္ဂလန်) - ၁၂ ဦး
အဆင့် ၆ - မန်ချက်စတာယူနိုက်တက် (အင်္ဂလန်) - ၁၂ ဦး
အဆင့် ၁၀ - ဒေါ့မွန် (ဂျာမနီ) - ၁၁ ဦး
အဆင့် ၁၀ - ဂါလာတာစာရေး (တူရကီ) - ၁၁ ဦး
အဆင့် ၁၀ - လီဗာပူး (အင်္ဂလန်) - ၁၁ ဦး
အဆင့် ၁၃ - ဖီနာဘာချီ (တူရကီ) - ၁၀ ဦး
အဆင့် ၁၃ - အေစီမီလန် (အီတလီ) - ၁၀ ဦး
အဆင့် ၁၃ - ပီအက်စ်ဗွီ (နယ်သာလန်) - ၁၀ ဦး
အဆင့် ၁၃ - ရီးရဲလ်မက်ဒရစ် (စပိန်) - ၁၀ ဦး
အဆင့် ၁၃ - ဆလားဗီးယားပရာဟာ (ချက်) - ၁၀ ဦး
အဆင့် ၁၈ - အယ်လ်အာလီ (အီဂျစ်) - ၉ ဦး
အဆင့် ၁၈ - အယ်လ်အာလီ (ဆော်ဒီအာရေဗျ) - ၉ ဦး
အဆင့် ၁၈ - အယ်လ်နာဆာ (ဆော်ဒီအာရေဗျ) - ၉ ဦး
အဆင့် ၁၈ - ဖလာမင်ဂို (ဘရာဇီး) - ၉ ဦး
အဆင့် ၁၈ - ဆန်းဒါးလန်း (အင်္ဂလန်) - ၉ ဦး
အဆင့် ၂၃ - အက်စတွန်ဗီလာ (အင်္ဂလန်) - ၈ ဦး
အဆင့် ၂၃ - ဘင်ဖီကာ (ပေါ်တူဂီ) - ၈ ဦး
အဆင့် ၂၃ - ဘရိုက်တန် (အင်္ဂလန်) - ၈ ဦး
အဆင့် ၂၃ - ဆဲလ်တစ် (စကော့တလန်) - ၈ ဦး
အဆင့် ၂၃ - ချဲလ်ဆီး (အင်္ဂလန်) - ၈ ဦး
အဆင့် ၂၃ - ဖရန့်ဖတ် (ဂျာမနီ) - ၈ ဦး
အဆင့် ၂၃ - ဟော်ဖန်ဟိမ်း (ဂျာမနီ) - ၈ ဦး
အဆင့် ၂၃ - လိုင်လီ (ပြင်သစ်) - ၈ ဦး
အဆင့် ၂၃ - မာမယ်လိုဒီ ဆန်းဒေါင်းစ် (တောင်အာဖရိက) - ၈ ဦး
အဆင့် ၂၃ - နယူးကာဆယ် (အင်္ဂလန်) - ၈ ဦး
အဆင့် ၂၃ - နိုက်စ် (ပြင်သစ်) - ၈ ဦး
အဆင့် ၂၃ - မာဆေးလ် (ပြင်သစ်) - ၈ ဦး
အဆင့် ၂၃ - အော်လန်ဒိုပိုင်းရပ်စ် (တောင်အာဖရိက) - ၈ ဦး
အဆင့် ၂၃ - စတုဂတ် (ဂျာမနီ) - ၈ ဦး
အဆင့် ၂၃ - တော့တင်ဟမ် (အင်္ဂလန်) - ၈ ဦး
အဆင့် ၂၃ - ဗီလာရီးရဲလ် (စပိန်) - ၈ ဦး
အဆင့် ၃၉ - အယ်လ်ဒူဟေးလ် (ကာတာ) - ၇ ဦး
အဆင့် ၃၉ - အတ္တလန်တာ (အီတလီ) - ၇ ဦး
အဆင့် ၃၉ - လေဗာကူဆင် (ဂျာမနီ) - ၇ ဦး
အဆင့် ၃၉ - အင်တာမီလန် (အီတလီ) - ၇ ဦး
အဆင့် ၃၉ - ပါမီးရက်စ် (ဘရာဇီး) - ၇ ဦး
အဆင့် ၃၉ - ဘက်တစ် (စပိန်) - ၇ ဦး
အဆင့် ၃၉ - စပို့တင်းလစ္စဘွန်း (ပေါ်တူဂီ) - ၇ ဦး
အဆင့် ၃၉ - စထရာဘော့ (ပြင်သစ်) - ၇ ဦး
အဆင့် ၃၉ - ဗစ်တိုးရီးယားပယ်လ်ဇန် (ချက်) - ၇ ဦး
အဆင့် ၄၈ - အယ်လ်ဟူစိန် (ဂျော်ဒန်) - ၆ ဦး
အဆင့် ၄၈ - အယ်လ်ကတ်ဒ်ဆီယာ (ဆော်ဒီအာရေဗျ) - ၆ ဦး
အဆင့် ၄၈ - အက်စတီဂလယ် (အီရန်) - ၆ ဦး
အဆင့် ၄၈ - ဖူလ်ဟမ် (အင်္ဂလန်) - ၆ ဦး
အဆင့် ၄၈ - ဂျူဗင်တပ်စ် (အီတလီ) - ၆ ဦး
အဆင့် ၄၈ - မိန့်ဇ် (ဂျာမနီ) - ၆ ဦး
အဆင့် ၄၈ - မိုနာကို (ပြင်သစ်) - ၆ ဦး
အဆင့် ၄၈ - ပါစီပိုလစ် (အီရန်) - ၆ ဦး
အဆင့် ၄၈ - ရိုးမား (အီတလီ) - ၆ ဦး
အဆင့် ၄၈ - ယန်းဘွိုင်းစ် (ဆွစ်ဇာလန်) - ၆ ဦး