The network connection is lost.

Banner Image

ဒွန်နာရမ်မာနဲ့ အက်စပိုစီတိုတို့ရဲ့ နှိမ့်ချမှု အပေါ် သဘောကျမိ‌ကြောင်းဖွင့်ဟလာတဲ့ ဘယ်လ်ဒီနီ

အီတလီအသင်းရဲ့ ယာယီနည်းပြ ဆေးလ်ဗီးယိုး ဘယ်လ်ဒီနီက လူဇင်ဘတ်၊ ဂရိအသင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲတွေမတိုင်ခင်မှာ ခေါင်းဆောင်မှုပိုင်း ပြသနိုင်ခဲ့တဲ့ ဂျန်လုီဂျီ ဒွန်နာရမ်မာနဲ့ ဖရန်ဆက်စကို ပီယို အက်စပိုစီတိုတို့ကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ဘော့စနီးယားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီးနောက် အီတလီအသင်းဟာ ကမ္ဘာ့ဖလားကို သုံးကြိမ်ဆက်တိုက် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ချန်ပီယံဟောင်း အသင်းတစ်သင်းအနေနဲ့ ကမ္ဘာ့ဖလားကို သုံးကြိမ်ဆက်တိုက် လွဲချော်ခဲ့ရတဲ့ ပထမဆုံး စံချိန်ဆိုးလည်း ဖြစ်ခဲ့ပါတယ်။

အက်ဇူရီတို့ဟာ အရင်က ၁၉၃၀ နဲ့ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုပဲ လွဲချော်ခဲ့ဖူးတာကြောင့် အခုလို ဆက်တိုက်လွဲချော်နေရတာက တကယ်ကို အံ့အားသင့်စရာ ဖြစ်နေပါတယ်။

“ဒွန်နာရမ်မာ၊ ပီယို အက်စပိုစီတိုနဲ့ တခြားကစားသမားတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ တကယ်ပဲ အံ့သြမိပါတယ်” လို့ ဘယ်လ်ဒီနီက မီဒီယာတွေကို ပြောပါတယ်။

“သူတို့ဟာ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့သလို အသင်းနဲ့အတူ ရှိနေခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်စကား ပြောခဲ့ကြပါတယ်။ သူတို့လို ကစားသမားတွေက တခြားသူတွေနဲ့အတူ တန်းတူရည်တူ နှိမ့်ချစွာ နေထိုင်တာကို မြင်ရတာ တကယ်ကို ဝမ်းသာစရာပါပဲ။ ဒီအုပ်စုထဲမှာ ထူးချွန်တဲ့ ကစားသမားတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ သူတို့က စီးရီးအေမှာ ကစားနေတဲ့ ကစားသမားကောင်းတွေ ဖြစ်ကြပြီး ဒါဟာ သူတို့အတွက် အစွမ်းပြဖို့ အကောင်းဆုံး အချိန်ပါပဲ။ လိဂ်ကြီးတွေမှာ ကစားနေပြီး ဒီလူငယ်အစုအဖွဲ့ထဲမှာ ပါဝင်နေတဲ့ မာကို ပါလက်စထရာနဲ့ နီကိုလို ပီဆီလီတို့ဆီကနေ အခုလိုမျိုး တိုးတက်လာတာတွေကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်” လို့လည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။