The network connection is lost.

Banner Image

ရုရှားကြယ်ပွင့် ဘာထရာကော့ဗ်ကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းက ခြေစွမ်းထက်မြက်တဲ့ ရုရှားကွင်းလယ်ကစားသမားဘာထရာကော့ဗ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

သတင်းတွေအရ ပီအက်စ်ဂျီနဲ့ လိုကိုမိုးတစ်မော်စကိုတို့အကြား ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ဆီ ရောက်ရှိနေပြီး မကြာခင် အပြောင်းအေရွှ့ပြီးမြောက်တော့မယ်လို့ မျှော်လင့်ရပါတယ်။

နှစ်ဖက်ကလပ်အသင်းတွေအကြား ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ဘာထရာကော့ဗ်ရဲ့ကိုယ်စားလှယ်ဒီမစ်ထရီချယ်လ်ဆော့ဗ်က ပြောကြားခဲ့ပြီး ယူရို ၂၅ သန်းဝန်းကျင်တန်ကြေးရှိမယ့် အပြောင်းအရွှေ့ရဲ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်နိုင်ဖို့ ပီအက်စ်ဂျီအသင်းအားကစားအကြံပေးလူးဝစ်ကမ်ပို့စ်ကိုယ်တိုင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"၉၅ ရာခိုင်နှုန်းလောက် သေချာတဲ့အခြေအနေအရ ပီအက်စ်ဂျီဆီ ဘာထရာကော့ဗ် ပြောင်းရွှေ့တော့မယ်လို့ ပြောလို့ရပါပြီ။ ပီအက်စ်ဂျီနဲ့ လိုကိုမိုးတစ်မော်စကို အသင်းတွေရဲ့ တာဝန်ရှိသူတွေက ဖုန်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီသီတင်းပတ်ထဲမှာ ကမ်ပို့စ်က အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ မော်စကိုမြို့ဆီ ရောက်ရှိလာပါလိမ့်မယ်။ လောလောဆယ်မှာတော့ လုံးဝမထင်မှတ်ထားတဲ့ ထူးခြားဆန်းပြားအခြေအနေမျိုး မရှိရင် ဒီအပြောင်းအရွှေ့က ပျက်ပြယ်သွားစရာ မရှိပါဘူး။ ပြောင်းရွှေ့ကြေးက ယူရို ၂၅ သန်းဖြစ်ပြီး လစာကတော့ ယူရို ၅ သန်းမှ ၆ သန်းဝန်းကျင်အထိ ဖြစ်ပါလိမ့်မယ်" လို့ အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။

နေရာစုံကစားနိုင်စွမ်းရှိတဲ့ အသက် ၂၀ အရွယ်ကစားသမားကို နည်းပြအင်းနရစ်ရဲ့စီမံကိန်းအတွက် အကိုက်ညီဆုံးသူတစ်ဦးအဖြစ် ရှုမြင်ထားကြပါတယ်။ ဘာထရာကော့ဗ်က လိုကိုမိုးတစ်မော်စကိုအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားခဲ့ရာမှာ ၁၇ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့လို့ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။