The network connection is lost.

Banner Image

အယ်လ်အက်တီဖက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ကလပ်အသင်းလက်မဲ့ကစားသမားဖြစ်လာတဲ့ ဝိုင်နယ်ဒမ်

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်အက်တီဖက်အသင်းနဲ့ စာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်ပြီးနောက် လီဗာပူးကွင်းလယ်ကစားသမားဟောင်းဝိုင်နယ်ဒမ်က ကလပ်အသင်းလက်မဲ့ကစားသမား ဖြစ်လာပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားက သူ့ရဲ့ဆော်ဒီမြေနှစ်နှစ်ကြာဖြတ်သန်းမှုကို အဆုံးသတ်ကာ  ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင်မှာ ဒမ်မန်အခြေစိုက်အသင်းမှ ထွက်ခွာလာပါလိမ့်မယ်။

ဝိုင်နယ်ဒမ်က ၂၀၂၃ ခုနှစ်မှာ အယ်လ်အက်တီဖက်အသင်းရဲ့ အဓိကထိပ်တန်းကစားသမားခေါ်ယူမှုတွေအနက် တစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပြီး အသင်းမှာ ချက်ချင်းဆိုသလို နေရာရရှိခဲ့ပါတယ်။

ဝါရင့်ကွင်းလယ်လူနဲ့လမ်းခွဲဖို့ ကလပ်အသင်းရဲ့ဆုံးဖြတ်ချက် ရှိခဲ့ပေမဲ့လည်း သူက အသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သလို ကွင်းတွင်းရော ကွင်းပြင်ပမှာပါ လွှမ်းမိုးမှုရှိတဲ့ ကစားသမားတစ်ဦးအဖြစ် တည်ရှိခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ကစားသမားက အသင်းခေါင်းဆောင်အဖြစ် မကြာခဏတာဝန်ယူခဲ့ရပြီး အယ်လ်အက်တီဖက်အသင်းကို အမှတ်ပေးဇယားအဆင့်-၇ နေရာနဲ့ ရာသီသိမ်းနိုင်အောင် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်ပေးတဲ့နေရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူက လိဂ်ပွဲစဉ် ၃၃ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁၆ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုခုနစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့လို့ အားရစရာကောင်းတဲ့ ဂိုးသွင်းစွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။