The network connection is lost.

Banner Image

လီဗာပူးဂိုးသမားအလီဆင်အစား ဒီဂီယာကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းက လီဗာပူးဂိုးသမားအလီဆင်အတွက် အစားထိုးမှုအဖြစ် ဖီအိုရင်တီးနားဂိုးဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

စီးရီးအေကလပ်အသင်းက အခုနွေရာသီမှာ အသက်-၃၃ နှစ်အရွယ်ဂိုးသမားအလီဆင်ကို အီတလီမြေဆီ ပြန်ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ လီဗာပူးဘက်ကလည်း ဘရာဇီးသားကို နောက်ထပ်တစ်ရာသီလောက် အန်ဖီးလ်မှာဆက်ရှိနေပေးဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ရလဒ်အဖြစ် ဥရောပတဝန်း ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ခိုင်ခိုင်မာမာရရှိထားတဲ့ အရန်ဂိုးသမားမာမာဒါရှီဗီလီကို လီဗာပူးတို့ အငှားပြန်ချသွားဖို့ ရှိနေပါတယ်။

အီတာလျံသတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘရာဇီးဂိုးသမားနဲ့အပြောင်းအရွှေ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်က အသက်-၃၅ နှစ်အရွယ်ဒီဂီယာဆီ အာရုံစိုက်လာတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ အပယ်ခံလိုဖြစ်ခဲ့တဲ့ ဒီဂီယာက အီတလီမှာတော့ သူ့ရဲ့ကစားသမားဘ၀ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်ကို ဖီအိုရင်တီးနားတို့ နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဒီရာသီ၊ စီးရီးအေရာသီပိတ်ပွဲစဉ်အတွက် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။