The network connection is lost.

Banner Image

ယူရို သန်း ၈၀ တန် အပြောင်းအရွှေ့အတွက် ဘာစီလိုနာမှာ ဆေးစစ်မှုအောင်မြင်သွားတဲ့ ဂေါ်ဒွန်

SPORT သတင်းဌာနရဲ့ဖော်ပြချက်အရ အန်သိုနီဂေါ်ဒွန်က နယူးကာဆယ်မှ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေ အောင်မြင်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ 

အင်္ဂလန်တောင်ပံကစားသမားက လေယာဉ်ခရီးစဉ်နှောင့်နှေးမှုအချို့ရှိခဲ့ပေမဲ့ ကြာသပတေးနေ့မှာ ကိုယ်ပိုင်လေယာဉ်နဲ့ ကတ္တလန်မြို့တော်ဆီ ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် တရားဝင်သတင်းမထုတ်ပြန်ခင် အပြောင်းအရွှေ့ရဲ့ နောက်ဆုံးအဆင့်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါပြီ။

သတင်းတွေအရ ဂေါ်ဒွန်က မူလမွန်းလွဲနှစ်နာရီဝန်းကျင်မှာ ရောက်ရှိလာဖို့ မျှော်လင့်ထားခဲ့ပေမဲ့ တစ်နာရီခွဲလောက် နောက်ကျပြီးမှ စပိန်မြေဆီ ရောက်ရှိလာပါတယ်။ ဘာစီလိုနာ-အယ်ပရတ်လေဆိပ်မှ ထွက်ခွာလာချိန် ဂေါ်ဒွန်က ဘာစီလိုနာကစားသမားသစ်အဖြစ် (ဆေးစစ်မှုနဲ့ တရားဝင် အတည်ပြုချက် မထွက်ခင်မှာပဲ) "ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်" လို့ သတင်းထောက်တွေကို ပထမဆုံး စကားပါးခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ဂေါ်ဒွန်ဟာ Hospital de Barcelona ဆေးရုံမှာ ဆေးစစ်မှု ခံယူပြီး အောင်မြင်ခဲ့လို့ ဘာစီလိုနာကစားသမားဖြစ်လာဖို့ နောက်ဆုံးအဆင့်အဆုံးအဖြတ်ကို ကျော်လွှားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ နယူးကာဆယ်အသင်းတို့က ဒီအပြောင်းအရွှေ့အတွက် ကနဦးငွေကြေး ယူရို သန်း ၇၀ နဲ့ အပိုဆုကြေး ယူရို ၁၀ သန်း (စုစုပေါင်း ယူရို သန်း ၈၀ ဝန်းကျင်)ပေးချေကြဖို့ သဘောတူညီမှု ရရှိထားပါတယ်။ ဒီဆွေးနွေးမှုကိုတော့ ဘာစီလိုနာဒါရိုက်တာဒေကိုက ဦးဆောင်ခဲ့ပါတယ်။

ဂေါ်ဒွန်ကို ဘာစီလိုနာက ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ရှိပြီး အသင်းရဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ပထမဆုံးသောကစားသမားသစ်ခေါ်ယူမှုလည်း ဖြစ်လာပါလိမ့်မယ်။ 

လတ်တလောမှာတော့ ကစားသမားရဲ့အေးဂျင့်တွေက ဒေကိုရဲ့ရုံးခန်းမှာ အပြောင်းအရွှေ့အတွက် နောက်ဆုံးလိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြီးသတ်ဆောင်ရွက်နေကြပါပြီ။