The network connection is lost.

Banner Image

ပဲလေ့စ်ပရိသတ်တွေပါဝင်တဲ့ ရန်ပွဲအကြောင်း တရားဝင်သတင်းထုတ်ပြန်လာတဲ့ ဒေသဆိုင်ရာရဲတပ်ဖွဲ့

ခရစ္စတယ်ပဲလေ့စ်ပရိသတ်တွေနဲ့ ဗယ်လီကာနိုပရိသတ်တွေအကြား အပြန်အလှန်တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးနောက် ဆက်ဆွန်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဖက်ပရိသတ်တွေအကြား အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားနေမှုကို တားဆီးဖို့အတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေလည်း မြို့လယ်ခေါင်မှာ ချထားခဲ့ပါတယ်။

BBC ရဲ့ဖော်ပြချက်အရ အဲဒီပဋိပက္ခအတွင်း ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလည်း ပရိသတ်တွေက ဒီဖြစ်ရပ်အပေါ် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုနေကြပါတယ်။

ဖြစ်စဉ်အတွင်း နှစ်ဖက်ကလပ်အသင်းပရိသတ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ပရိသတ်အများအပြား ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့က အခုလို ထုတ်ပြန်လာပါတယ်။

"ည ၈ နာရီ (ဗြိတိန်စံတော်ချိန် ည ၇ နာရီ) ဝန်းကျင်မှာ ဆူပူသောင်းကျန်းနိုင်ခြေရှိတဲ့ ဗယ်လီကာနိုပရိသတ် ၃၀၀ ဦးခန့် မြို့လယ်ခေါင်မှာ စုဝေးနေခဲ့ကြပါတယ်" လို့ ဆက်ဆွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"သူတို့က ပုလင်းတွေ၊ ဘီယာခွက်တွေနဲ့ ဆိုင်ပရိဘောဂတွေကို အပြန်အလှန်ပစ်ပေါက်ခဲ့ကြသလို လူချင်းလည်း ထိုးကြိတ်ကြတာမျိုးတွေ ရှိခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားပါတယ်။

"အခင်းဖြစ်ပွားရာနေရာရှိ ရဲအရာရှိတွေက ချက်ချင်းဝင်ရောက်တားဆီးခဲ့ပြီး ပရိသတ်အုပ်စုနှစ်ခုကို ခွဲထုတ်ခဲ့ပါတယ်။ လူ ၃၀၀ ကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခဲ့ပြီး လူစုခွဲဖို့ အမိန့်ထုတ်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။

"ပြဿနာရှာတတ်သူလို့ လူသိများတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းပရိသတ်တွေက Penguin Ice Bar နားကို ရောက်ရှိသွားပြီး အဲဒီမှာရှိနေတဲ့စပိန်ပရိသတ်တွေကို ရန်စခဲ့တာကြောင့် ဖက်ဒရယ်ရဲတပ်ဖွဲ့က ဝိုင်းထားခဲ့ရပါတယ်" လို့ သိရပါတယ်။

အခုသီတင်းပတ်မှာ အသင်းနှစ်ခုလုံးက သူတို့ရဲ့ ပထမဆုံးဥရောပဖလားကြီးကို ရယူဖို့ ကြိုးစားနေကြပြီး ပရိသတ်တွေကြားမှာလည်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စနာအတွက်တော့ အသင်းကို နောက်ဆုံးအကြိမ်ကိုင်တွယ်တဲ့ပွဲစဉ် ဖြစ်သလို လာမယ့်ရာသီ၊ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက်လည်း အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။